သင်္ဘောဇီဖြူရွက်ကို တစ်နေ့ ၃ ခက်ပဲစားပေး.......
ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုဖြစ်တာ၊ သွေးတိုးဖြစ်တာတွေကို သက်သာစေပြီး ပန်ကရိယကိုအားကောင်းစေကာ သွေးတွင်းသကြားဓာတ်ကိုလည်း ပုံမှန်အတိုင်းထိန်းညှိပေးပါတယ်။
သင်္ဘောဇီဖြူရွက်အနုကို ငါးပိရည်နဲ့တို့ သင်္ဘောသီးထောင်းတို့နှင့် တွဲစားနိုင်ပြီး ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ခေါင်းအရမ်းကိုက်နေလျှင် ဇီဖြူရွက်အရင့် လက်တစ်ဆုပ်စာခန့်ကို ရေနှစ်ခွက်နှင့်ပြုတ်ပြီး တစ်ခွက်သောက်လိုက်ယုံနဲ့ ခေါင်းကိုက်တာကို ချက်ချင်းသက်သာစေပါတယ်။
အရွက်စိမ်းမစားလိုလျှင်လည်း ရေနှင့်ပြုတ်သောက်နိုင်ပါတယ်။
အစာမစားမှီ တစ်နေ့ ၃ ကြိမ် သောက်ပေးပါက သွေးတွင်းသကြားဓာတ်နှင့် ဆီးချိုကို ကောင်းစွာ ထိန်းညှိပေးနိုင်ပါတယ်။
သင်္ဘောဇီဖြူရွက်မှာ ရေကျောက်ရော'ဂါကို ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိရှိလို့ အရွက်ကိုပြုတ်ပြီး ရေချိုးပေးပါက ရေကျောက်ဖြစ်ခြင်းကို သက်သာ​ပျောက်ကင်းစေပါတယ်။

image