3 d - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️တရုတ်နိုင်ငံသို့ မက္ကဒေးမီးယားအဆန်ပါ အခွံမာအသီးတင်ပို့မည့် ကုမ္ပဏီများ အဆိုပြုလွှာ လျှောက်ထားရန် ဖိတ်ခေါ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မက္ကဒေးမီးယားအဆန်ပါ အခွံမာအသီး တင်ပို့မည့် ကုမ္ပဏီများအား မြန်မာ နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြားနှစ်နိုင်ငံ ချုပ်ဆိုထားသောပင်ပိုးမွှားရောဂါ ကင်းရှင်းရေး ဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရSanitary and Phytosaniraty(SPS)Protocol သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest-EOI) များအား အောက်တိုဘာ ၃၀ ရက်နောက်ဆုံးထား၍ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးရုံးတွင် လျှောက်လွှာများရယူပြီး တင်ပြလျှောက်ထားနိုင်မည်ဖြစ်သည်။
လျှောက်လွှာရယူလိုသူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ဘုရင့်နောင် လမ်းမကြီး အနောက်ကြို့ကုန်း အင်းစိန်မြို့နယ် ရန်ကုန်မြို့သို့ ဆက်သွယ်ရယူနိုင်မည်ဖြစ်ပြီး လျှောက်လွှာများအား www.doa.gov.mm နှင့် www.ppd.doa.gov.mm တွင် ဒေါင်းလုတ်ရယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများတွင် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

image