#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မိသားစုလွှဲပို့ငွေ ရရှိမှုအထောက်အထားတင်ပြရန် ကျန်ရှိနေသည့် အေဂျင်စီ၆၀ ကျော်အား တင်ပြရန် အသိပေး
စက်တင်ဘာလ အတွက်မိသားစုလွှဲပို့ငွေရရှိမှု အထောက်အထားတင်ပြရန် မရှိသေးသည့်အေဂျင်စီ ၆၀ ကျော်ရှိနေကြောင်းအလုပ်သမားဝန်ကြီးဌာန Safe migration ၏ထုတ်ပြန်ထားချက်အရ သိရသည်။
နိုင်ငံအလိုက်စေလွှတ်လျက် ရှိသော်လည်း ၂၀၂၅ ခုနှစ် စက်တင်ဘာအတွက် မိသားစုလွှဲပို့ငွေ ရရှိမှု အထောက်အထား တင်ပြရန် မရှိသေးသည့် အေဂျင်စီများစာရင်းဟုဆိုကာ အေဂျင်စီများ၏ နာမည်နှင့် တကွ စာရင်းကို ထုတ်ပြန်ထားသည်။
အဆိုပါ အေဂျင်စီများအနေဖြင့် အောက်တိုဘာ ၁၅ ရက်နောက်ဆုံးထားတင်ပြရမည်ဖြစ်ပြီး အချိန်မီ ပေးပို့ခြင်း မရှိပါက Demand Letterအသစ်တင်ပြခွင့်ဆိုင်းငံ့ခြင်း ခံရမည့်အပြင် ဒဏ်ကြေးပေးဆောင် ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
အေဂျင်စီများ အနေဖြင့်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအထောက်အထား တင်ပြရာတွင်အနည်းဆုံး ၄၁ ရာခိုင်နှုန်းသာ တင်ပြရန် သက်ဆိုင်ရာက ဖြေလျှော့ပေးထားပြီး အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလကအသိပေး ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
