#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ဟားမားစ်အုပ်စု မဖြစ်မနေလက်နက်စွန့်ရမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့် သတိပေး
ဂါဇာကမ်းမြောင် အခြေစိုက်ဟားမားစ်အုပ်စုအနေဖြင့် မဖြစ်မနေလက်နက်များ ဖြုတ်သိမ်းရမည်ဖြစ်ပြီး ဖြုတ်သိမ်းခြင်းမရှိပါက အင်အားသုံး၍ ဖြုတ်သိမ်းပေးရလိမ့်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၁၄ ရက်တွင်သတိပေးလိုက်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ရယူနိုင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်အရ အောက်တိုဘာ ၁၃ ရက်တွင် ဟားမားစ်အုပ်စုကနောက်ဆုံးလက်ကျန် အစ္စရေးဓားစာခံ များကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးနိုင်ငံက ပါလက်စတိုင်းအကျဉ်းသား၂၀၀၀ နီးပါးကို ပြန်လွှတ် ပေးခဲ့သည်။
သို့ရာတွင် လက်နက်များစွန့်လွှတ်ပေးမည်ဟူသော ကတိကဝတ်ကို ဟားမားစ်အုပ်စုအနေဖြင့် တရားဝင် ကြေညာခြင်းမရှိသေးပေ။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အချက်၂၀ပါ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်တွင် အစ္စရေးတပ်များ အဆင့်ဆင့် ပြန်လည်ရုပ်သိမ်းပေးရေးနှင့် ဟားမားစ်အုပ်စု လက်နက်ဖြုတ်သိမ်းရေးတို့လည်း ပါဝင်သည်။
ဟားမားစ်အုပ်စု အနေဖြင့်လက်နက်များ မဖြစ်မနေ ဖြုတ်သိမ်းပေးရမည်ကို မိမိအသိပေးထားကြောင်း အကယ်၍ ဖြုတ်သိမ်းခြင်းမရှိခဲ့ပါကမိမိတို့ လာရောက်ဖြုတ်သိမ်းပေးရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က အာဂျင်တီးနား သမ္မတနှင့် တွေ့ဆုံဆွေးနွေးစဉ် ထုတ်ဖော်ပြောကြားထားသည်။
အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရယူပြီးနောက်ဂါဇာကမ်းမြောင်ဒေသ၌ ဟားမားစ်အုပ်စု လက်နက်ကိုင်တပ်ဖွဲ့ဝင်များပြန်လည်နေရာယူနေကြောင်း သိရသည်။
ကိုးကား-ရိုက်တာ

image