3 d - Translate

အမြန်လမ်းမှာ တလအတွင်း ယာဉ်တိုက်မှုကြောင့် ၁၀ ယောက်ထက်မနည်းသေပြီး ၄၀ ကျော်ဒဏ်ရာရ
အောက်တိုဘာ ၁၆-၂၀၂၅

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ တလ အတွင်းယာဉ်မတော်တဆမှုကြောင့်လူ ၁၀ ယောက်ထက် မနည်းသေဆုံးခဲ့ပြီးအယာက် ၄၀ ကျော်ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့အမြန်လမ်းပေါ်မှာကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့ အဖွဲ့တွေဆီက သိရပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပြီးခဲ့တဲ့တလအတွင်း ယာဉ်မတော်တဆမှုတွေဖြစ်ပွားခဲ့ပြီး အမျိုးသား ၇ ယောက် အမျိုးသမီး ၄ ယောက်သေဆုံးခဲ့ပြီး အမျိုးသား ၂၉ ယောက်၊အမျိုးသမီး ၁၃ ယောက်စုစုပေါင်းအယောက် ၄၀ ကျော်အထိ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
''လတ်တလောအနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးပေါ်က ၁၁၅ မိုင်မှာ အဝေးပြေးခရီးသည်တင် Exp ress ယာဉ်နဲ့ သုံးဘီဆိုင်ကယ်နဲ့တိုက်မှု အောက်တိုဘာ
မနေ့ ၁၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်။ယာဉ် တိုက်မှုကြောင့် အမျိုးသမီးတယောက် ဦးခေါင်းကြေမွ ဒဏ်ရာတွေနဲ့နေရာဘဲသေဆုံးသွားတယ်။''လို့ ကူညီကယ် ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်ကပြောပါတယ်။
အဲ့ဒီ အမြန်လမ်းမကြီးမှာ ယာဉ်တွေအတွက် အရှိန်နှုန်း သတ် မှတ်ချက်အရ ကိုယ်ပိုင်အိမ်စီးကားလေး ဖြစ်ပါက (၁)နာ ရီကိုကီလိုမီတာ(၁၀၀)အတွင်းမှာသာ မောင်းနှင်း ရမှာဖြစ် ပြီး ခရီးသည်တင် Express ယာဉ်တွေဖြစ်ပါ က(၁)နာရီ ၉၀ ကီလိုမီတာအတွင်းမှာပဲမောင်းဖို့နဲ့ လုပ်ငန်း သုံးလိုက်ထရပ် ၊ ဟိုက်ဂျက်၊ ကုန်တင်ယာဉ်စတဲ့ ယာဉ်တွေ ကတော့ (၁)နာရီကို ကီလိုမီတာ(၆၀)အတွင်းမှာပဲမောင်း ကြဖို့ကိုသက်ဆိုင်ရာကသတ်မှတ်ထားတယ်လို့
သိရပါတယ်။
'' အမြန်လမ်းပေါ်က ယာဉ်တိုက်မှုတွေက ယာဉ်မောင်း အိပ်ငိုက်ပြီး တိမ်းမှောက်တဲ့ ဖြစ်စဉ်တွေကများတယ်။ ဒါ့ကြောင့် အမြန်လမ်းတစ်လျှောက်မှာ မော်တော်ယာဉ်
တွေသတ်မှတ်အရှိန်ထက်ကျော်လွန်မောင်းနှင်းမှု မရှိစေဖို့ နဲ့ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့အတွက် မော်တော်ယာဉ်အရှိန်တိုင်းတာတဲ့စက်တွေ တပ်ဆင် ထားပြီး စစ်ဆေးဆောင်ရွက်နေတယ်။''လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်ကပြောပါတယ်။
အမြန်လမ်းတွေမှာ အရှိန်သတ်မှတ်ချက်တွေကိုကျွမ်း ကျင်ပညာရှင်တွေကတွက်ချက်ပြီး ညွှန်ကြားသတ်မှတ် ထားခြင်းဖြစ်တာကြောင့်လိုက်နာလုပ်ဆောင်ပါက
အန္တရာယ်ကင်းရှင်းမှာဖြစ်သလို အသက်ကယ်နိုင်ဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိမှုနည်း ပါးစေမှာဖြစ်တဲ့အတွက် ယာဉ်မောင်းနေစဉ်မှာလည်း ခါးပတ်ပတ်ထားကြဖို့ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်းတိုက်တွန်း ထားတယ်လို့ သိရပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း
ယာဉ်တိုက်မှုပေါင်း ၉၄ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈ ယောက်နဲ့ဒဏ်ရာရသူ ၂၁၉ ယောက်အထိရှိခဲ့တယ်လို့ သက်ဆိုင်ရာက စာရင်းတွေ အရသိရပါတယ်။
ဒါအပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ယာဉ်မတော်တဆမှုပေါင်း ၁၆၃ ကြိမ်ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ ၈၆ ယောက်နဲ့ ထိခိုက်ဒဏ် ရာရရှိသူ ၃၂၆ ယောက် အထိရှိခဲ့ တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အတွင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှု ၁၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၇ ယောက်အထိ ရှိခဲ့တယ်လို့ သက်ဆိုင်ရာက မှတ်တမ်းတွေအရသိရပါတယ်။

imageimage