3 d - Translate

ကျောမွဲများရဲ့ ကျေးဇူးရှင်ဆရာဝန်
''ငွေကြေးမတတ်နိုင်လို့ ရောဂါဝေဒနာ ခံစားရသူ မရှိစေရ''ဆိုတာ သူ့ရဲ့ ခံယူချက်ပါပဲ။ ဒါကြောင့်လည်း သူက နွမ်းပါးသူတွေကို အခကြေးငွေ တပြားတချပ်မှ မယူဘဲ နှစ်ပေါင်း ၅၀ ကျော် ဆေးကုသပေးခဲ့တာပါ။ သူကတော့ အီဂျစ်နိုင်ငံသား ဆရာဝန် မိုဟာမက်မာရှယ်လီပါပဲ။
မာရှယ်လီကို ၁၉၄၄ ခုနှစ်က အီဂျစ်နိုင်ငံမြောက်ပိုင်းမှ ရွာငယ်လေးမှာ မွေးဖွားခဲ့ပါတယ်။ သူ့အဖေကတော့ ကျောင်းဆရာတစ်ဦးပါ။ မာရှယ်လီ ဆရာဝန်ပေါက်စဘဝမှာ ဆီးချိုဝေဒနာသည် ကလေးငယ်တစ်ဦးကို ကုသပေးခဲ့ရပါတယ်။ ကလေးမိခင်က ဆေးဖိုးဝါးခ မတတ်နိုင်ရှာပါဘူး။ နောက်ဆုံးမှာတော့ ဒီကောင်လေးက သူ့ကိုယ်သူ မီးရှို့ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ဒေါက်တာမာရှယ်လီရဲ့ စိတ်ထဲမှာ သံမှိုစွဲသလို စွဲထင်သွားပြီး ဆင်းရဲနွမ်းပါးသူတွေအတွက် အကျိုးအမြတ်မယူဘဲ ကုသစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူဟာ တန်တာမြို့မှာ ဆေးခန်းဖွင့်လှစ်ခဲ့ပြီး ဆေးခန်းပြခ အီဂျစ်နိုင်ငံသုံး ပေါင်ငွေ ၁၀ ပေါင်ပဲ ယူခဲ့ပါတယ်။ မတတ်နိုင်တဲ့သူတွေဆိုရင် ငွေကြေး တပြားမှမယူဘဲ အခမဲ့ ကြည့်ရှုကုသပေးခဲ့ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ်က အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်သွားပေမဲ့ ဒေါက်တာမာရှယ်လီရဲ့ အမည်ကတော့ မရှိဆင်းရဲသားတွေ ရင်ထဲမှာ ရှင်သန်နေဆဲပါပဲ။

image