😻 လူသားများနှင့်မတူတဲ့ ကြောင်လေးများရဲ့ကိုယ်ဝန်ဆောင်ကာလနဲ့ သတိပြုစရာများ
ကြောင်လေးတွေရဲ့ ပျှမ်းမျှ ကိုယ်ဝန်ဆောင်ကာလဟာ ၂လ ဖြစ်ပါတယ်။ ကြောင်မလေးတွေအများစုဟာ ကိုယ်ဝန်ဆောင်ကာလ ၅၂ ရက်နေ့ကနေ ၆၅ ရက်နေ့ကြား မီးဖွားတတ်ကြပါတယ်။ တစ်ခါတစ်ရံတော့ ၆၈ ရက်ထိကြာတတ်ပါတယ်။
📌 ကြောင်မလေးတွေရဲ့ကိုယ်ဝန်ဆောင်ကာလမှာ
➡️ ကြမ်းကြမ်းတမ်းတမ်း ပွေ့ဖက်တာမျိုး၊ ဆွဲရမ်းတာမျိုးတွေ မလုပ်ပါနဲ့။
➡️ နောက်ပြီး ဆူဆူညံညံ နဲ့ လူအသွားအလာများတဲ့နေရာတွေမှာ မထားပါနဲ့။
➡️ အာဟာရပြည့်၀အောင် ကျွေးပြီး တိတ်ဆိတ် ငြိမ်သက်တဲ့နေရာမှာ အနားယူခိုင်းထားပါ။
ဒါဆို ကြောင်မေမေကြီးက ကြောင်ကလေးလေးတွေကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်မှာပါခင်မျာ 🤍
💬 အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။
