ပေါင်သန်း ၁၂၀ ကြွယ်ဝချမ်းသာပေမယ့်လည်း ဒေဝါလီခံရမည်ကို စိုးရိမ်နေတဲ့ ဂါရတ်ဘေးလ်
အောက်တိုဘာ ၁၆
ဂါရတ်ဘေးလ်က ဒေဝါလီခံရမယ့်အရေးနှင့် ကြုံလာရမှာကို စိုးရိမ်ကြောင်း ဖွင့်ဟလာပါတယ်။
အသက် ၃၆ နှစ်ရှိ စပါးစ်နှင့် ရီးရဲလ်မက်ဒရစ်စူပါစတားဟောင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူခဲ့သူလည်း ဖြစ်ပါတယ်။
တစ်ချိန်တုန်းက ကမ္ဘာ့လုပ်ခအများဆုံးရ ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဂါရတ်ဘေးလ်ဟာ ၂၀၁၆ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်နှင့် ၆ နှစ်စာချုပ်ဆိုပြီးနောက် လုပ်ခ ပေါင်သန်း ၁၅၀ အထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် သူဟာ ပေါင်သန်း ၁၂၀ ဝန်းကျင်ကြွယ်ဝချမ်းသာတယ်လို့ ယုံကြည်ရပါတယ်။
ဒါပေမယ့် ယင်းသို့ ကြွယ်ဝချမ်းသာပေမယ့်လည်း ဂါရတ်ဘေးလ်ဟာ ငွေကြေးအတွက် စိုးမအေးနိုင်အောင် ဖြစ်နေဆဲ ဖြစ်ပါတယ်။
ဂါရတ်ဘေးလ်က ကျွန်တော့်အတွင်းစိတ်ထဲမှာ အမြဲတမ်းစိုးရိမ်ကြောက်လန့်နေတဲ့အရာတစ်ခု ရှိတယ်။ သတင်းတွေမှာ ပရော်ဖက်ရှင်နယ်အားကစားသမားတွေက ကစားသမားဘဝမှ အနားယူပြီးတဲ့နောက် ဒေဝါလီခံရတာတွေ ဖတ်ရတယ်။ သူတို့ ငွေကို ဘယ်လိုစီမံရမလဲ မသိပါဘူး။ ဘာတွေ လုပ်ရမလဲဆိုတာ မသိပါဘူး။ အားကစားသမားတွေက တကယ့်ကို ဇိမ်ခံဘဝမှာ နေကြတယ်။ ကျွန်တော်ကတော့ အဲဒီလို မနေဖို့ ကြိုးစားတယ်။ ဘောလုံးသမားဘဝ အလွန်မှာ ဘဝရှင်သန်ရမယ်ဆိုတာ အမြဲတမ်း မျက်လုံးတစ်ဖက်ဖွင့်ထားခဲ့တယ်။ ကစားသမားဘဝက နားချိန်မှာတော့ ငွေရတာ မရပ်သေးပါဘူး။ လူတွေ ဘဝကို ဘယ်လို ပြန်လည်တည်ဆောက်ကြသလဲ။ ဒီတော့ အစောပိုင်းကတည်းက ကျွန်တော် စီမံထားခဲ့တယ်။ ဘာလုပ်ရမယ်ဆိုတာ လေ့လာထားတယ်။ ကွဲပြားတဲ့အရာတွေမှာ ရင်းနှီးမြှပ်နှံတယ်။ တကယ်လို့ တခုခု မလုပ်မဖြစ်ဘူးဆိုရင်တောင် အဆောက်အဦတစ်ခုလုံး မပြိုကျလာတော့ဘူးပေါ့လို့ ပြောကြားသွားပါတယ်။
ဝေးလ်အတွက် ၁၁၁ ပွဲကစားခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ကစားသမားဘဝမှ အနားယူပြီးနောက် TNT Sports တွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် အလုပ်လုပ်နေပါတယ်။
တဖက်တွင် ကာဒစ်ဖ်ဖွား ဘေးလ်ဟာ ဒေသတွင်းကလပ်ကိုလည်း ဝယ်ယူ ရင်းနှီးမြှပ်နှံရန် ကြိုးပမ်းနေပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ
