ယူ၁၇ အာရှဖလားခြေစစ်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် မကာအိုအသင်းတို့ ယနေ့ယှဥ်ပြိုင်မည်

အောက်တိုဘာ ၁၅

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် ၂၀၂၆ အမျိုးသမီး ယူ-၁၇ အာရှဖလားခြေစစ် ပွဲစဉ် အနက် မြန်မာယူ ၁၇ အမျိုးသမီးအသင်း၏ အုပ်စုအဖွင့်ပွဲစဥ် အဖြစ် မကာအို ယူ ၁၇ အမျိုးသမီးအသင်းနှင့် ယနေ့ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။

ခြေစစ်ပွဲစဥ်နှင့်ပတ်သတ်၍ မြန်မာ ယူ၁၇ အသင်း၏ နည်းပြချုပ်Kumiko Tashiro က “ အိမ်ရှင်အဖြစ် လက်ခံ ကစားရမှာဖြစ်လို့ ကျေနပ် ပျော်ရွှင်မိပါတယ်။ ကစားသမားတွေကိုလည်း ပြင်းပြင်းထန်ထန် ကြိုးစားဖို့နဲ့ ရည်မှန်းချက် ကိုယ်ဆီထားဖို့ ပြောထားပါတယ်။ ဖိအား ရှိပေမယ့် ခြေစစ်ပွဲအောင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကိုင်တွယ်ခဲ့တဲ့ (၃)လတာ ကာလအတွင်း ကစားသမားတွေရဲ့ ခြေစွမ်း၊ နည်းစနစ်ပိုင်း တိုးတက်လာဖို့ ပြုလုပ်ခဲ့ပါတယ်။ ကွင်းတွင်းသာမက ကွင်းပြင်ပမှာလည်း အရာရာကို ဆုံးဖြတ်နိုင် စွမ်းရှိအောင် သင်ကြားပေးခဲ့ပါတယ်။ အောင်မြင်မှုရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားသွားမှာ ဖြစ်ပါတယ် ”ဟုပြောကြားထားသည်။

မြန်မာယူ ၁၇ အမျိုးသမီးအသင်းနှင့် မကာအို ယူ၁၇အမျိုးသမီးပွဲစဥ်ကို ယနေ့ ညနေ ၄နာရီတွင်ရန်ကုန်မြို့သုဝဏ္ဏကစားကွင်းတွင် ယှဥ်ပြိုင်သွားမည်ဖြစ်ပြီးReader Channelမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

#ဘောလုံးသတင်းစုံ

image