ထိုင်းမှာ မြန်မာအလုပ်သမား ၁ ဦး သူ့ကိုလာကြိုတဲ့ကားနဲ့ တိုက်မိလို့သေဆုံး

အောက်တိုဘာ ၁၅

ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့မှာ မြန်မာအလုပ်သမား ၁ ဦးဟာ သူ့ကိုလာကြိုတဲ့ကားနဲ့တိုက်မိလို့ သေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု အောက်တိုဘာ ၁၄ ရက် မနက် ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တယ်လို့ Migrant Times သတင်းဖော်ပြမှုအရ သိရပါတယ်။

သေဆုံးသွားတဲ့ မြန်မာအလုပ်သမားက ကိုစိုးလင်းဦး ဆိုသူဖြစ်တယ်လိုသိရပြီး သူဟာ အခြားမြန်မာအလုပ်သမား ၃ ဦးနဲ့အတူ ချွန်ပူလီမြို့အတွင်းက ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီးမှာရှိတဲ့ ဖုန်းဆိုင်တစ်ခုရဲ့ရှေ့မှာ အလုပ်သွားဖို့ ကားစောင့်နေစဥ် သူတို့ကိုလာကြိုတဲ့ကားက အရှိန်လွန် ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ကားတိုက်မှုကြောင့် ဘန်ဝ၊ ဒယ်အိုးရုံမှာ အလုပ်လုပ်နေတဲ့ ကိုစိုးလင်းဦးဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို သူနဲ့အတူ အလုပ်လုပ်ကိုင်နေကြတဲ့ ကျန် မြန်မာအလုပ်သမား ၃ ဦးလည်း ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြလို့ ဆေးရုံကိုပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။

Credit - Myanmar Hard Talk

#သတင်းဟင်းလေးအိုးကြီး

image
image
image