#ချစ်တီးပဲဟင်းချက်နည်း
ဟင်းအနှစ်ဆီသတ်ရန် ပါဝင်ပစ္စည်းများ
ဆီ - စားပွဲဇွန်း ၄ ဇွန်း
မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
ဇီရာ - လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
ပဲနံ့သာ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ပျဉ်းတော်သိမ် - ၅ ခက် (အရွက်ခြွေထားပါ)
ကြက်သွန်နီ - ၃ လုံး (ပါးပါးလှီးထားပါ)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးခြောက် - ၁၀ တောင့်
ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
မဆလာ(အသား) - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ခရမ်းချဉ်သီး - ၂ လုံး ( လေးစိတ်စိတ်ထားပါ)
ပဲဟင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများ
ပဲစင်းငုံ - ၄၀၀ ဂရမ် (မပြုတ်ခင် ၁ နာရီခန့် ရေကြိုစိမ်ထားပါ)
ခရမ်းသီး - ၂ လုံး (အနေတော်အရွယ်ပိုင်းထားပါ)
ဘူးသီး - ၂ စိတ် ( အနေတော်အရွယ် လှီးထားပါ)
ဆား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ဟင်းအနှစ်ဆီသတ်ရန် ဒယ်အိုးထဲ ဆီ၊ မုန်ညင်းစေ့၊ ဇီရာ၊ ပဲနံ့သာ တို့ကို ထည့်ပြီး အနံ့မွှေးသည်အထိ ဆီသတ်ပါ။ ပြီးလျှင် ပျဉ်းတော်သိမ်၊ ကြက်သွန်နီ၊ နနွင်းမှုန့် တို့ကိုထည့်ပြီး ကြက်သွန်နီ အနည်းငယ်နွမ်းသည်အထိ ဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီးခြောက်၊ ငရုတ်သီးအစိမ်းမှုန့်၊ မဆလာ တို့ကိုထည့်ပြီး ကြက်သွန်နီ ကြွပ်လာသည်အထိ ဆီသတ်ပါ။ ပြီးလျှင် ခရမ်းချဉ်သီးထည့်မွှေပြီးရင် အိုးချလို့ရပါပြီ။
ဟင်းအနှစ်ရပြီဆိုရင် အိုးတစ်အိုးထဲ ရေစိမ်ထားသော ပဲစင်းငုံများကို နနွင်းမှုန့်အနည်းငယ်ထည့်ကာ နူးအောင် ပြုတ်ထားပါ။ ပဲနူးပြီဆိုရင် ခရမ်းသီး၊ ဘူးသီး၊ ဆီသတ်ထားသောအနှစ် တို့ကို ထည့်ပြီးတည်ပါ။ ပဲဟင်းအိုး ပွက်ပွက်ဆူလာပြီဆို ဆား၊ ဟင်းခတ်မှုန့်တို့ထည့်မွှေပါ။ အရသာမြည်းပြီး ခရမ်းသီးနှင့် ဘူးသီး နူးသည်အထိ အဖုံးဖုံးပြီး တည်ပါ။ အိုးအောက်ခြေမှာ ပဲမကပ်စေရန် မကြာမကြာအဖုံးဖွင့်ပြီး မွှေပါ။ အသီးများနူးပြီး ဟင်းရည်ပွက်ပွက်ဆူလာရင် ရပါပြီ။
#ချစ်တီးပဲဟင်း
#crdorginaluploader

image