⚫ အာဂမိန်းမ
အရာရာတိုင်းမှာ တော်နေ တတ်နေဖို့ မလိုပေမဲ့
တစ်စုံတစ်ခုမှာတော့ ကျွမ်းကျင်ဖို့ လိုပါတယ် ။ တကယ်လို့
လူတွေက ကျွန်မကို ဟင်းချက်နည်းအကြောင်း လာမေးရင် ကျွန်မ မပြောပြနိုင်ပါဘူး ။ ကျွန်မက ဟင်းချက်မှ
မကောင်းတာလေ ။ အဲဒါအတွက် ကျွန်မ စိတ်မကောင်းမဖြစ်ဘူး ။ ဒါဟာ ကျွန်မရဲ့ အရည်အသွေး မဟုတ်သလို ကျွန်မစိတ်ဝင်စားတဲ့ နယ်ပယ်မဟုတ်လို့ပဲ ။ လူတွေအထင်ကြီးလာအောင် ကျွန်မ မပျော်တဲ့အလုပ်ဖြစ်တဲ့ အစားအသောက် အသစ်အဆန်းတွေကို ချက်ပြုတ်ပြနေမှာ မဟုတ်တာ သေချာပါတယ် ။ သင်တော်တဲ့ အလုပ်တစ်ခုခုမှာ ပျော်နေဖို့ သေချာပါစေ ။
⚫ အာဂယောက်ျား
ယောက်ျားတစ်ယောက်ဟာ
သူ့ဘဝရဲ့ အမြင့်ဆုံးရည်ရွယ်ချက်ကို
ဘယ်မိန်းကလေး၊ ဘယ်အချစ်ရေးကြောင့်နဲ့မှ
လျှော့မချသင့်ပါဘူး။ ပုရိသစွမ်းအင်ရှိတဲ့
အမျိုးသားတစ်ယောက်က
သူ့ရဲ့ရည်ရွယ်ချက်ထက် အချစ်ရေးကို
ပိုဦးစားပေးလိုက်တဲ့အခါ သူကိုယ်တိုင်လည်း
အင်အားနည်းသွားသလို၊ သူ့အမျိုးသမီးကလည်း
သူမရဲ့ဘဝကို အပြည့်အဝဂရုစိုက်ပေးနိုင်မယ့်
စစ်မှန်တဲ့ယောက်ျားတစ်ယောက်ကို
မပိုင်ဆိုင်ရတော့ပါဘူး။
• ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ •
ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဝန်ခံလိုက်ပါ။
သင့်ဘဝရဲ့ ရည်ရွယ်ချက်နဲ့ ပြီးပြည့်စုံတဲ့
အချစ်ရေး နှစ်ခုထဲက တစ်ခုကို ရွေးရမယ်ဆိုရင်...
သင်က သင့်ရဲ့ ရည်ရွယ်ချက်ကိုပဲ ရွေးချယ်မှာပါ။
ဒီလိုအသိတရားတစ်ခုတည်းကတောင်
အချစ်ရေးကို ဦးစားပေးရမယ်လို့ ခံစားရတဲ့
ဖိအားတွေကနေ သက်သာရာရစေပါတယ်။
သင့်ရဲ့ ရည်မှန်းချက်ဟာ
သင့်ဘဝရဲ့ အဓိက ဦးစားပေးဖြစ်ပါတယ်။
သင့်ရည်မှန်းချက်ကို မသိသေးရင်၊
အဲဒီအတိုင်း မနေထိုင်နိုင်သေးရင်
သင့်ရဲ့အတွင်းစိတ်ဟာ
ဟာလာဟင်းလင်းဖြစ်နေပါလိမ့်မယ်။
• အလျှော့မပေးပါနဲ့ •
နောက်တစ်ကြိမ် သင့်အမျိုးသမီးကို
အလျှော့ပေးတာ၊ သူမနဲ့အတူရှိနေဖို့
သင့်ရည်မှန်းချက်ကို ရွှေ့ဆိုင်းတာ၊
သင့်ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကို
ငြင်းပယ်နေတာမျိုးကို
သတိထားမိတဲ့အခါ ချက်ချင်းရပ်လိုက်ပါ။
သင့်အမျိုးသမီးကို "ချစ်တယ်" လို့ ပြောပြီး၊
"ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကိုတော့
ကျွန်တော်ပစ်ပယ်ထားလို့ မရဘူး" လို့
ရိုးရိုးသားသား ပြောပြပါ။
သူမကို အာရုံအပြည့်အဝပေးပြီး
မိနစ် (၃၀) လောက်၊ သို့မဟုတ်
သတ်မှတ်ထားတဲ့ အချိန်တစ်ခု ပေးပြီးရင်
သင့်ရည်မှန်းချက်ကို ပြန်လုပ်ဖို့
ပြန်သွားမယ်လို့ ပြောပါ။
နှလုံးသားမပါ
အာရုံစိုက်မှုမရှိတဲ့အချိန်တွေထက်
သင့်အမျိုးသမီးက သင့်ရဲ့အပြည့်အဝ
အာရုံစိုက်မှုနဲ့ စိတ်အားထက်သန်တဲ့
အချစ်ကို တစ်နေ့ကို မိနစ် (၃၀) လောက်
ရရှိတာကို ပိုသဘောကျပါလိမ့်မယ် ။
#အာဂယောကျ်ား #သုခကျော် - ဘာသာပြန်
