ကလောမြို့ ရိုးရာမီးရှော်တိုင်ပူဇော်ပွဲကို ၆ ရက်တိုင်အောင် ကျင်းပမယ်
အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ရဲ့ ထင်ရှားတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ အကြိမ် (၂၀) မြောက် ရိုးရာမီးရှော်တိုင်နဲ့ မီးကြာစံထွန်းညှိပူဇော်ပွဲကို လာမယ့် နိုဝင်ဘာ(၅)ရက်ကနေစတင်ပြီး နိုဝင်ဘာ(၁၀)ရက်နေ့အထိ (၆)ရက်တိုင်အောင် ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါရိုးရာပွဲတော်ကို ကလောမြို့၊ ပန်းခြံအနီးမှာရှိတဲ့ မြို့လူထုကွင်း(မီးရှော်ကွင်း) အတွင်းမှာ ကျင်းပမှာဖြစ်ပြီး ပွဲတော်ရက်မတိုင်ခင် တစ်ရက်အလိုမှာ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူတွေက ရိုးရာယဉ်ကျေးမှု အဆိုအကတွေနဲ့ ဖျော်ဖြေတင်ဆက်ကြမှာပါ။
မီးရှော်တိုင်ဆိုတာက ဘုရားရှင်ကို မီးပူဇော်တဲ့အနေနဲ့ မီးရှူးမီးပန်းတွေအပြင် ထင်းရှူးဆီ၊ ထင်းရှူးသားတွေကို ဝါးနှီးခေါက်နဲ့ကျစ်ပတ်ထားတဲ့ အမြင့် (၂၅) ပေကျော်ရှိ မျောတိုင်ကို လူတစ်ရပ်ခန့်နက်တဲ့ ကျင်းထဲမှာ စိုက်ထောင်ထားပြီး မီးရှို့ပူဇော်ကြတာဖြစ်တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
