7 d - Translate

ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားပါ…။
တကယ်တော့ ကိုယ် စိတ်ချမ်းသာအောင် ကိုယ်ကပဲ လုပ်နိုင်ပါ တယ်..။ ကိုယ် စိတ်ဆင်းရဲအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်လို့ ရပါတယ်..။ အဖြစ်အပျက် အခြေအနေ အာရုံတစ်ခုအပေါ် ကိုယ်လက်ခံလိုက်တဲ့ စိတ်ပုံစံ အပေါ်မှာ မူတည်ပြီး တုံ့ပြန်မှု ပုံစံတွေ ကွဲပြားသွားတာပါ။
လူတစ်ယောက်ကြောင့် ကိုယ် စိတ်ထိခိုက်နာကျင်ရတယ်၊ အ ခြေအနေ တစ်ခုခုကြောင့် ကိုယ်စိတ်ဆင်းရဲ ဒေါသထွက်ရတယ်၊ အဖြစ်အပျက် တစ်ခုခုကြောင့် ကိုယ် ဝမ်းနည်းသောက ရောက်ရတယ်..ဆိုတဲ့ အရာတိုင်းမှာ အဲ့ဒီလူက အခြေအနေက အဖြစ်အပျက်က ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်နိုင်တာ မဟုတ်ပါဘူး..။ ကိုယ် ခံယူလိုက်တဲ့ စိတ်ပုံစံကြောင့်သာ စိတ်ဆင်းရဲစရာ နာကျင်စရာအဖြစ် ကိုယ်က လက်ခံယူလိုက်တာပါ၊ တကယ်တော့ ကိုယ့်စိတ်ကသာ အခရာပါ။
ဥပမာ လူတစ်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်အောင် တိုက်ခိုက်စော်ကားလာပြီ ဆိုပါတော့၊ ကျွန်မတို့ရဲ့ တုံ့ပြန်မှုတွေ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။
“ ကြည့်စမ်း သူက ငါ့ကို စော်ကားလိုက်တာ..” လို့ ခံယူလိုက်ရင် ဒေါသထွက် နာကျင်ရပါတော့မယ်..။
“ ဪ...သူ ငါ့ကို ဒီလို တိုက်ခိုက်ဖို့အတွက် သူ့မှာ စိတ်ဆင်းရဲစရာ မပျော်ရွှင်စရာတွေ ရှိနေမှာပဲ သနားဖို့ ကောင်းလိုက် တာ..”
လို့ တွေးကြည့်လိုက်ရင် သူ့ကို သနားကရုဏာ သက်တဲ့စိတ် ဖြစ်ပါမယ်။
“ ဟယ်...သူ ပြောသမျှဟာ ကိုယ်မှမဟုတ်တာ ဘာနာစရာ ရှိသလဲ..”
လို့ သက်တောင့်သက်သာ ဖြေတွေးလိုက်တဲ့အခါ ကျွန်မတို့ စိတ်မှာ ဘာနာကျင်စရာမှ ဖြစ်စရာ အကြောင်း မရှိတော့ပါဘူး..။ ဒါဟာ ကျွန်မတို့လက်ခံ ခံယူလိုက်တဲ့ စိတ်ပုံစံအတိုင်း တုံ့ပြန်မှုတွေ ပုံစံကွဲ သွားတာသာ ဖြစ်ပါတယ်..။ သူ့ကြောင့် ကိုယ် စိတ်ဆင်းရဲ နာကျင်ရတယ်ဆိုရင် သူက ကိုယ့်ရဲ့စိတ်ကို လွှမ်းမိုးချယ်လှယ်ခွင့် ရသွားပါပြီ။ တကယ်တော့ ဘယ်သူကမှ ဘယ်အရာကမှ ဘယ်အာရုံကမှ ကိုယ့်ကို စိတ်ထိခိုက် နာကျင်အောင် မလုပ်နိုင်ပါဘူး။
ကိုယ် စိတ်ထိခိုက်နာကျင်အောင် ကိုယ်ကပဲ လုပ်နိုင်တာပါ၊ စိတ်ဆင်းရဲ နာကျင်မှုတွေဟာ ကိုယ်နဲ့ မထိုက်တန်ဘူးလို့ တွေးကြည့်လိုက် ပါ..။ ကိုယ့်မှာ ကိုယ်ပဲ ရှိပါတယ်၊ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားမယ်၊ စိတ်ချမ်းသာအောင် တွေးမယ်၊ စိတ်ချမ်းသာအောင် နေထိုင်မယ်ဆိုရင် သောကနဲ့ ဝေးရာဆီ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။
#လွန်းထားထား
#သောကနဲ့ဝေးရာဆီ
#စိတ်ခွန်အားဖြည့်စာစုများ
#mmsbooks #maymyosocial #booklover #ခွန်အားရှိသောစာပေ
Page like and follow 🙏🙏🙏

image