#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပထမဆုံး အရပ်သားသုံး နျူလက်နက်ဒဏ်ခံဗုံးခိုကျင်း ဆိုးလ်မြို့ တော်၌ တည်ဆောက်မည်
ဆိုးလ်မြို့တော် အိမ်ရာစခန်းသစ်တစ်ခု၌ နျူကလီးယား တိုက်ခိုက်မှုဒဏ်ခံနိုင်ရည်ရှိသော ပထမဆုံး အရပ်ဘက်သုံး ဗုံးခိုမြေအောက်ဘန်ကာများ ထည့်သွင်းတည်ဆောက်ရန် ဆိုးလ်မြို့တော် တာဝန် ရှိသူများက စီစဉ်ထားကြောင်းအောက်တိုဘာ ၁၃ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အဆိုပါ နျူကလီးယားဒဏ်ခံ မြေအောက်ဗုံးခိုဘန်ကာကို ၂၀၂၈ ခုနှစ်တွင် အကောင်အထည်ဖော်မည့် အိမ်ရာစခန်းတစ်ခု၏ မြေအောက်၌တည်ဆောက်မည်ဖြစ်သည်။
၎င်းအရပ်ဘက်သုံး နျူကလီးယားတိုက်ခိုက်မှုဒဏ်ခံ မြေအောက်ဗုံးခိုဘန်ကာသည် အကျယ်အဝန်း စတုရန်းမီတာ ၂၁၄၇ မီတာရှိပြီး လူပေါင်း ၁၀၂၀ကို ၁၄ ရက်ကြာ ကာကွယ်ပေးထားနိုင်ကြောင်း ဆိုးလ်မြို့တော် တာဝန်ရှိသူများကထုတ်ဖော်ပြောကြားထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရချိန်တွင် ဆိုးလ်မြို့တော်၌ ပထမဆုံး အရပ်သားသုံး နျူကလီးယားတိုက်ခိုက်မှုဒဏ်ခံ မြေအောက်ဗုံးခိုဘန်ကာ တည်ဆောက်ရန် မြို့တော်တာဝန်ရှိသူများကစီစဉ်ထားခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတစ်ဝန်းလုံး၌ ဗုံးခိုကျင်းပေါင်း ၁၉၀၀၀ နီးပါးရှိရာယင်းဗုံးခိုကျင်းများအနက် ၃၂၀၀ ကျော်တို့မှာ ဆိုးလ်မြို့တော်၌ တည်ရှိသည်။သို့ရာတွင် အထက်ပါဗုံးခိုကျင်းများအနက် အများစုမှာ နျူကလီးယားလက်နက်တိုက်ခိုက်မှုဒဏ်၊ ဓာတုလက်နက်တိုက်ခိုက်မှုဒဏ်နှင့် ဇီ၀လက်နက်
တိုက်ခိုက်မှုဒဏ်များကို ခံနိုင်ရည်ရှိသည့် ဗုံးခိုကျင်းများ မဟုတ်ကြောင်းတောင်ကိုရီးယား တာဝန်ရှိ သူများက ပြောကြားသည်။
ကိုးကား-ရိုက်တာ

image