ဘရာဇီးလ်နိုင်ငံက Queidy Araujo de Oliveira လို့အမည်ရတဲ့ အမျိုးတစ်ဦး ဟာ ကိုယ်ဝန်တားဖို့အတွက် IUD (Intrauterine Device) လို့ခေါ်တဲ့ သားအိမ်တွင်းထည့် ကိုယ်ဝန်တား ပစ္စည်းကို သုံးစွဲနေတာ နှစ်နှစ်နီးပါးရှိနေပါပြီ
အဲ့လိုနဲ့ တစ်နေ့ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတစ်ခု ပြုလုပ်စဉ်မှာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရပါတယ် IUD သားအိမ်တွင်းထည့် ကိုယ်ဝန်တားဆီးရေးကိရိယာ ဟာ ကိုယ်ဝန်တားရာမှာ ၉၉% ကျော် ထိရောက်မှုရှိတဲ့ နည်းလမ်းဖြစ်တာကြောင့် သူမ ဒီလို ကိုယ်ဝန်ရတာဟာ အလွန်ရှားပါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်
မိခင်မှာ IUD ကိုယ်ဝန်တားကိရိယာ ရှိနေတာကို တွေ့ရှိရပေမဲ့ ဆရာဝန်တွေက ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ်ကြောင့် ထုတ်ပစ်ဖို့ အကြံမပြုဘဲ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး ထားရှိခဲ့ပါတယ်
ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးဆင်းခြင်းလို အခက်အခဲအချို့ရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကလေးငယ် Matheus Gabriel ကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ခဲ့ပါတယ် ကလေးမွေးပြီးပြီးချင်းမှာဘဲ မွေးဖွားပေးတဲ့ ဆရာဝန် Dr. Natalia Rodrigues က IUD ကို တွေ့ရှိခဲ့ပြီး အဲ့ဒီပစ္စည်းကို မွေးကင်းစကလေးငယ်ရဲ့ လက်ထဲမှာ ထည့်ပေးခဲ့ပြီးဆုပ်ကိုင်ထားတဲ့ ပုံကို ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်
ဘာကြောင့်လဲဆိုတော့ IUD ထည့်ထားလျက်နဲ့ ကိုယ်ဝန်ရပြီး မွေးဖွားတာဟာ ၁၀၀ % မှာ ၁ % သာရှိတဲ့အတွက် အလွန်ရှားပြီး မှတ်တမ်းတင်ထားဖို့အတွက်ဖြစ်ပါတယ်
ဆရာဝန် Dr. Rodrigues ကလည်း အဲ့ဒီပုံကို သူမရဲ့ Instagram မှာ တင်ပြီး၊ "ကျွန်တော့်ကို မတားဆီးနိုင်ခဲ့တဲ့ IUD ကို ကိုင်ထားတယ်!" ဆိုတဲ့ Caption နဲ့ရေးသားတင်ခဲ့ကာ တစ်ကမ္ဘာလုံးပျံ့နှံ့သွားခဲ့ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #whatthefacts #facts
