1 ပတ် - ဘာသာပြန်ပါ။

Mark Zuckerberg ဟာ ၂၀၁၂ ခုနှစ်တုန်းက Instagram ကို ဒေါ်လာ ၁ ဘီလီယံ နဲ့ ဝယ်ယူခဲ့တယ်လို့ ကြေညာလိုက်တဲ့အခါ နည်းပညာနယ်ပယ်မှ လူအများစုက သူ့ကိုရူးနေပြီလို့ ယူဆခဲ့ကြပါတယ်
ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က Instagram စတင်တည်ထောင်တာဟာ ၂ နှစ်တာင် မပြည့်သေးသလို ဝန်ထမ်း ၁၃ ဦးသာ ရှိပြီး ငွေကြေးအမြတ်အစွန်းတွေလည်းလုံးဝမရှိသေးပါဘူး ဒါပေမဲ့ Zuckerberg က အခြားသူတွေ မမြင်ခဲ့တဲ့ အချက်တစ်ခုကို မြင်ခဲ့ပါတယ်
အဲ့တာကတော့ Facebook ဟာ မိတ်ဆွေသူငယ်ချင်းတွေအကြောင်းဖြစ်ပါက Instagram ကတော့ ရှိခဲ့ဖူးတဲ့ အမှတ်တရအချိန်တွေ အကြောင်း ဖြစ်လာမယ်ဆိုပြီးတော့ မြင်ခဲ့ပါတယ်
ဆယ်စုနှစ်တစ်ခုကြာလာတဲ့အခါ ဒီလုပ်ရပ်ဟာ သမိုင်းတစ်လျှောက် အမြတ်အစွန်း အများဆုံး ရရှိခဲ့တဲ့ ဝယ်ယူမှုတွေထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ် Instagram ရဲ့ တန်ဖိုးဟာ ယခုအခါ ဒေါ်လာ ၁၀၀ ဘီလီယံ ကျော် တန်ဖိုးရှိပြီး သုံးစွဲသူကလည်း ၂ ဘီလီယံ ကျော် ရှိလာကာ Meta ရဲ့ အောင်မြင်မှုအများစုကိုဖန်တီးပေးလျက်ရှိပါတယ်
Instagram မှတစ်ဆင့် Meta ဟာ တစ်နှစ်ကို ဒေါ်လာ ဘီလီယံများစွာ ကြော်ငြာဝင်ငွေရရှိနေပြီး ၎င်းဟာ Meta ရဲ့ စုစုပေါင်း ဝင်ငွေရဲ့ ၄၀% နီးပါးဖြစ်ပါတယ်
Crd

image