5 ရက် - ဘာသာပြန်ပါ။

#ရေမြက်ပန်း

အမည်က ဆန်းသလို အပင်ကလည်းချစ်စရာပါ၊ ရှားရှားပါးပါး ပုံရိုက်ပေးထားတဲ့သူကို Credit ပေးပါတယ်၊ Location ကတော့ အောက်ပြည်ဖြစ်နိုင်တယ်၊ ပန်းပွင့်သည့် စေ့ရွက်ထီးပင်အမျိုးဖြစ်ပြီး Aquarium တွေမှာ အလှစိုက်အနေနဲ့သုံးကြတယ်၊
မြန်မာပြည်မှာ သဘာဝအတိုင်း အရိုင်းပင် Blyxa မျိုးစိတ် လေးမျိုးရှိတယ် ၊ သူတို့ကတော့ B. aubertii, B. japonica, B. octandra, B. quadricostata) တွေဖြစ်ကြတယ်၊
ထူးခြားချက်တခုက ဒီအပင်လေးတွေက ရန်ကုန်လို မိုးများတဲ့ ဒေသမျိုးမှာဘဲ အတွေ့ရများတယ်၊ ပန်းပွင့်ချိန်ရောက်မှာ ရေပေါ်တက်လာပြီးပွင့်ကြတယ်၊ တနှစ်ပတ်လုံးမပွင့်ကြဘဲ မိုးရာသီကြမှ ပွင့်ကြတယ်၊ Hydrophily နည်းနဲ့ ဝတ်မှုံကူးကြတယ်၊ အပွင့်လေးတွေ မှာ ရနံ့ မရှိပါဘူး ၊ ရှားပါးသော အပင်တမျိုးပါ ၊ သုတေသန ပြုလုပ်သင့်သော အပင်ပါ၊

image
image
image