ပုပ္ပားမျောက်မြီးရှည်နဲ့ပတ်သက်ပြီး ကျရောက်နေတဲ့ ခြိမ်းခြောက်မှုအန္တရာယ်
-အမဲလိုက်ခြင်း
-အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူခံရခြင်း
-စားကျက်မြေလျော့နည်းလာခြင်း တွေက အဓိကဖြစ်ပြီး ထပ်တိုးအနေနဲ့ ယနေ့ခေတ် တိုးတက်လာတဲ့ သဘာဝအခြေခံခရီးသွားရဲ့ သဘာဝတောထဲကို စည်းကမ်းမဲ့ဝင်ရောက်လည်ပတ်ခြင်းပဲဖြစ်ပါတယ်
ကျွန်တော်ကိုယ်တိုင်ကလည်း သဘာဝအခြေပြုခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်တဲ့သူဖြစ်တော့ ကိုယ်တိုင်မှားယွင်းပြီး ဝန်ဆောင်မှုတွေ ပေးဖူးတယ်
ဥပမာ- ပုပ္ပားတောင်မကြီး မီးတောင်ချောက်ထဲကိုဧည့်သည်တွေခေါ်ပြီး သွားခဲ့တာမျိုးပေါ့
တဖြည်းဖြည်း ခံစားမိလာတယ် သူတို့ကို အနှောက်ယှက်ပေးပြီး ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက် သူတို့ကို ချနင်းလာသလိုဖြစ်လာတော့ မီးတောင်ချောက်လမ်းကို ဧည့်သည်တွေအတွက် ဝန်ဆောင်မှုမရောင်းပေးဖြစ်တော့ဘူး
အခု မြို့ပြမှာ သူတို့လေးတွေအတွက် ပြပွဲလုပ်ချင်တဲ့ ရည်ရွယ်ချက်ထဲမှာ သဘာဝအခြေခံခရီးသွားတွေအနေနဲ့ ကိုယ်ခရီးထွက်လည်ပတ်မယ့် တောတောင်ရေမြေသဘာဝရဲ့ဖြစ်တည်မှုကို ကြိုတင်လေ့လာဖို့၊သဘာဝတောရိုင်းကို အနှောက်ယှက်မပေးမိစေပဲ ခရီးလည်ပတ်ဖို့စေဖို့အတွက်လည်းရည်ရွယ်ပါတယ်
ကျွန်တော်တယောက်တည်းအားနဲ့ပွဲလုပ်တာထက် အယောက် ၂၀ ရဲ့ စုပေါင်းအားနဲ့ပြပွဲလေး လုပ်ဖြစ်ရင် ပုပ္ပားမျောက်မြီးရှည်လေးတွေရဲ့ ဘက်ကနေ ရပ်တည်သူ ကျွန်တော်အပါ အနည်းဆုံး ၂၁ ယောက်ဖြစ်လာမှာပေါ့
လက်ရှိ ၈ ယောက်ရပါပြီ
၁၂ ယောက် လိုပါသေးတယ်
စိတ်ဝင်တစားနဲ့ ပါဝင်အားဖြည့်ချင်ပါတယ်ဆိုရင် ဆက်သွယ်နိုင်ပါကြောင်း

image