16 နာရီ - ဘာသာပြန်ပါ။

ရန်ကုန်မြို့မှာတည်ရှိပြီး လူသိပ်မသိသေးတဲ့ နှစ်ပေါင်း (၈၀၀) ကျော်သက်တမ်းရှိ
သိဒ္ဓိအောင် ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီး🙏
သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးဟာ
လွန်ခဲ့တဲ့နှစ်ပေါင်း (၈၀၀) ကျော်လောက်ကတည်းကဧရာဝတီမြစ်ကြီးထဲက ဆယ်ယူပြီး
ဗုဒ္ဓဆင်းတုတော်ကြီးအဖြစ် ထုလုပ်ပူဇော်ခဲ့တာ ဖြစ်ပါတယ်🙏
အလွန်ရှားပါးအဖိုးထိုက်တန်တဲ့ရေဆန်ကျွန်းနက်နဲ့ ထုလုပ်ပူဇော်ထားတာမို့ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားနဲ့ ပြည့်စုံစေမယ့်အပြင် ပီယ လာဘသိဒ္ဓိအစွမ်းတွေကိုပါ ပြီးမြောက်အောင်မြင်စေမှာပဲ ဖြစ်ပါတယ်🙏
သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးရဲ့
တည်နေရာကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၈) ရပ်ကွက်၊ ဗိုလ်မှူးဗထူးအိမ်ယာနားက
ယောက်ကော်အဖေကြီး တည်ထားကိုးကွယ်ခဲ့တဲ့ဇေယျမုနိဘုရားကြီးဝန်းထဲမှာ ကိန်းဝပ်စံပယ်လျှက်
ရှိပါတယ်🙏
မြန်မာပြည်ရဲ့လူဦးရေအများဆုံး ရန်ကုန်မြို့တော်ကြီးမှာ ရှိနေပေမယ့်လည်း လူအရောက်အပေါက်နည်းပြီး အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တည်ရှိတာမို့ အခါသင့်အခွင့်ကြုံတဲ့ သွားရောက်ဖူးမျှော်ကြဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်
နေရာ-ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၈)ရပ်ကွက်၊ကျန်းမာရေးလမ်း၊ဇေယျမုနိဘုရားဝန်း

image