5 ပတ် - ဘာသာပြန်ပါ။

တစ်ချောင်းကို ၃၀၀ ကျပ်ကနေ စပြီးရွေးလို့ရမယ့်အကင်တွေနဲ့ ထုံထုံစပ်စပ်မောက်ချိုက်အဝဆွဲမယ် 🍜🥵
ခုလိုရာသီဉတုအေးအေးလေးနဲ့ မောက်ချိုက်လေးစားလိုက်ရရင်တော့ ရှယ်ဘဲဆိုပြီး ဒီနေ့ကရာသီဉတုလေးကလဲ ကိုယ့်ဘက်ပါနေတာဆိုတော့ ထုံထုံစပ်စပ်မောက်ချိုက်လေး သွားဆွဲခဲ့တယ် 😋
ဒီဆိုင်လေးကိုတော့ တော်တော်များများသတိထားမိကြမယ်ထင်တယ် ၊ သူကတစ်ဆိုင်လုံးကိုမှ လိမ္မော်ရောင် Vibe လေးနဲ့ ဆိုင်လေးကလဲ ချစ်စရာလေးဗျ ၊ သူကဆိုင်မှာအဓိကထားရောင်းတာကတော့ အကင်နဲ့ မောက်ချိုက်ပေါ့နော် ၊ မာလာရှမ်းကောတော့မရသေးဘူးဗျ ၊
ကျွန်တော်က ဒီဆိုင်လေးရောက်တာနဲ့ မောက်ချိုက်ရော ၊ အကင်ရော ၂ မျိုးလုံးအမြဲလိုလိုစားဖြစ်တယ် ။ ဒီဆိုင်မှာက အကင်အနေနဲ့ဆိုရင် အရသာတော်တော်ကောင်းပြီး ၃၀၀ ကနေစပြီးရွေးလို့ရတယ် ၊ အရသာကမာလာအနံ့လေးသင်းနေပြီး စားလို့ကောင်းတဲ့ထဲပါတယ် ၊ မေးကြည့်တော့ ဒီဆိုင်ကအကိုက မန္တလေးကလို့ပြောတယ် ။ ဒီဆိုင်ရောက်ရင်တော့ အကင်ကို စားဖြစ်အောင် စားခဲ့နော် 🥓
နောက်ထပ်စားခဲ့တာကတော့ မာလာမောက်ချိုက်ပေါ့နော် ၊ သူက မောက်ချိုက်ကိုမှ အထုံအစပ်က level အလိုက် 1/2/3 ဆိုပြီးရွေးလို့ရတယ် ၊ ကျွန်တော်က အထုံအစပ်ကြိုက်တဲ့သူမျို့ ထုံထုံစပ်စပ်လေးယူခဲ့လိုက်တယ် ။ သူ့ရဲ့အရည်အသာက သွားစားခဲ့သမျှထဲမှာ ဒီတစ်ခါသွားစားတဲ့ အရသာကိုတော့ အကြိုက်ဆုံးဘဲ ၊ အရိုးပြူတ်အရသာက လေးတာပေါ့တာမျိုးမရှိဘဲ သောက်လိုက်တာနဲ့ သောက်ပြီးရင်း သောက်ချင်နေတာမျိုးလေး ၊ ပြောရင်းနဲ့တောင် ပြန်သောက်ချင်လာပြီ ။
ရွေးချယ်စရာအနေနဲ့က မောက်ချိုက်အတွက် အသားလွှာထဲမှာဆိုရင် ကြက်သား ၊ ဝက်သား နဲ့ လူကြိုက်များတဲ့ ကြက်မဲ ၊ ကြက်ဆင်တို့ရတယ် ။ ပင်လယ်စာထဲမှာဆိုရင်လဲ ရွေးချယ်စရာတော်တော်စုံစုံရှိတယ်ပြောရမယ် ။
အကြိုက်ဆုံးလို့ပြောရမလား အချဉ်ပေါ့ ဒီဆိုင်မှာက အချဉ်ဆိုရင် ၂ မျိုးရှိတယ် ။ မောက်ချိုက်အတွက်နဲ့ အကင်အတွက်ဆိုပြီးရှိတယ်ဗျ ။ သူ့ရဲ့ အကင်အတွက်ပေးတဲ့ အချဉ်ကလေ မန်ကျဉ်းချဉ်လေးနဲ့ဗျ ၊ လုံးဝအကင်နဲ့ အစပ်အဟပ်တည့်နေရောဘဲ 🍢🍡
ဒီဆိုင်ရဲ့ အားနည်းချက်လေးလို့ဘဲ ပြောရမလား ၊ သူ့မှာက မောက်ချိုက်တော့ ရပေမယ့် မာလာရှမ်းကောတော့မရသေးဘူးဗျ ၊ တစ်ချို့ကျ အကင်လေးစားရင်း မာလာရှမ်းကောစားချင်တဲ့ခါမရတာမျိုးလေးတွေတော့တွေ့တယ် ။ ကျွန်တော်ကတော့ မောက်ချိုက်ကြိုက်တာမို့ အရသာလေးကအစ အဆင်ပြေနေရောဘဲ ✌🏻
အကယ်၍ ဒီဆိုင်လေးကို သဘောကျလို့ သွားမယ်ဆိုရင်တော့
ဆိုင်နာမည်လေးကတော့ - Po Tay Toe Mao Cai and BBQ
ဆိုင်ဖွင့်ချိန်လေးကတော့ - မနက် ၁၁ ကနေ ည ၉ ခွဲထိပါတဲ့
ဆိုင်ဖုန်းလေးကတော့ - 09757586337 , 095061985
ဆိုင်လိပ်စာလေးကတော့ - အမှတ်(T-9)သံသုမာလမ်းမကြီးပေါ်၊ သစ်စက်မှတ်တိုင်ရှေ့၊ ကြီးပွါးရေးတောင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာပါ ၊
#chillwithdaniels #ပိုတေးတိုး #မာလာမောက်ချိုက် #အကင်
#blogger #review #foodblog #yangon #သင်္ဃန်းကျွန်း
‼️ ယခု post အား လွတ်လပ်စွာ မျှဝေ နိုင်ပါသည်၊၊ ပုံနှင့်စာသားများအား တစ်ဆင့် ပြန်လည် ကူးယူဖော်ပြခြင်း ခွင့်မပြုပါခင်ဗျာ ။

imageimage
+5