5 ပတ် - ဘာသာပြန်ပါ။

အဆင်မပြေတိုင်းသာ ငိုနေရရင်
မင်းမျက်ရည် ဘယ်ကျန်တော့မှာလဲ
ငိုမနေပါနဲ့ မျက်ရည်တွေသုတ်လိုက် သူငယ်ချင်း..

တိုတွေငယ်ငယ်တုန်းကလဲ ငိုခဲ့တယ်
ခုထိငိုနေခဲ့တာ ငိုလိုမဝသေးဘူးလား
သူငယ်ချင်း..

မင်းမှာ သန်မာတဲ့လက်တွေရှိတယ်
မင်းမှာ ကြံ့ခိုင်တဲ့ ခြေတစ်စုံရှိတယ်
မင်းလဲကျလိုရတယ် ဒါပေမယ့်
မင်းပြန်မထလို မရဘူး..

မင်းမှာ အမှားအမှန်ခွဲခြားနိုင်တဲ့ ခေါင်းရှိတယ်
မင်းမှာ ခံစားတတ်တဲ့ နှလုံးသားရှိတယ် ။
မင်းကို အားကိုးပြီး မှီခိုနေတဲ့
မိသားစုတွေရှိတယ် ။
မင်းရှေ့ဆက်သွားမှရမယ် သူငယ်ချင်း..

မင်းအခက်အခဲတွေနဲ့ ကြုံလို
မင်းကို ဘယ်သူမှ ကူညီမဲ့သူမရှိလဲ
မင်းအခက်အခဲကို မင်းကိုယ်တိုင်
ဖြေရှင်းနိုင်ရမယ် သူငယ်ချင်း..

အရှုးကိုကြောက်နေရင် ပိုကြိုးစားလိုက်ပါ
လူမှန်ရင် ပြီးပြည့်စုံတဲ့လူရယ်လို မရှိပါဘူး
မင်းဘာလိုအပ်နေတာလဲ လိုအပ်တဲ့အရာကို
မင်းလက်နဲ့ယူလေ ကြောက်ရွံမနေပါနဲ့
သူငယ်ချင်း..

မင်းရောက်ချင်တဲ့ ပန်းတိုင်ကို
မင်းခြေထောက်နဲ့ လျှောက်လှမ်းပါ သူငယ်ချင်း
မင်းနာကျင်ရင် မင်းပိုခံစားရမယ် ။
မင်းခလုပ်တိုက်ရင် မင်းလဲကျမယ်..

မျက်ရည်တွေနဲ့ ရှေ့ဆက်သွားရင်
လမ်းကို မင်းရှင်းရှင်းလင်းလင်း မြင်ရမှာ
မဟုတ်ဘူး သူငယ်ချင်း..
ဘဝကကြမ်းတယ်ဆိုတာ မင်းအပြစ်မဟုတ်ပါဘူး..
လဲရင် ပြန်မထနိုင်တာကမှ မင်းအပြစ်ဖြစ်သွားပီ
သူငယ်ချင်း..

ဘယ်သူကမှ အဆင်ပြေနေတယ်လို
ဘယ်ဟုတ်ပါ့မလဲ..
ကိုယ်စီ အခက်အခဲဆိုတာ ရှိတတ်စမြဲပါ
သူငယ်ချင်း..
ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့
အခက်အခဲတွေကြာမှာ ရင်ဆိုင်ဖြေရှင်းနေနေရတာပါ.....။ ။

အားလုံးကိုလေးစားစွာဖြင့်...