5 ပတ် - ဘာသာပြန်ပါ။

၂၀၁၄ ခုနှစ်တုန်းက ကယ်လီဖိုးနီးယား ရဲဌာနတစ်ခုက ရာဇဝတ်သားမှတ်တမ်းဓာတ်ပုံ (mugshot) တစ်ခုကို အင်တာနက်ပေါ် တင်လိုက်ရာကနေ အဲဒီအကျဉ်းသားရဲ့ဘဝတစ်သက်လုံးကို ပြောင်းလဲစေခဲ့ပါတယ်
သူ့ရဲ့ နာမည်ကတော့ Jeremy Meeks ဆိုသူဖြစ်ပြီး ထူးခြားတဲ့ မျက်လုံးပြာတွေနဲ့ ပြေပြစ်တဲ့ မျက်နှာသွင်ပြင်က အင်တာနက်တစ်ခွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး သူ့ကို “ကမ္ဘာ့အချောဆုံး ရာဇဝတ်သား” ဆိုပြီးတော့တောင်ပြောဆိုကြပါတယ် အဲ့ဒီဓာတ်ပုံတင်ပြီး ညတွင်းချင်းမှာဘဲ မော်ဒယ်အေဂျင်စီအများအပြားက သူ့လွတ်မြောက်ဖို့အတွက်မျှော်လင့်ခဲ့ကြပါတယ်
Meeks လွတ်မြောက်လာတဲ့အခါ ထိပ်တန်းအေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုပြီး မကြာခင်မှာဘဲ နယူးယောက်၊ မီလန်၊ ပဲရစ် စတဲ့ ဖက်ရှင်ရှိုးပွဲတွေရဲ့ ကတ်ဝေါ့လမ်းလျှောက်စင်တွေပေါ်ကို ရောက်လာခဲ့ပါတယ်
ဒါဟာ အကျဉ်သား ဓာတ်ပုံကနေ မမျှော်လင့်ဘဲ မော်ဒယ် တစ်ယောက်ဖြစ်သွားတဲ့ ထူးခြားဖြစ်ရပ်တစ်ခုဖြစ်ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image