11 hrs - Translate

ကိုယ်စိုက်တာ ကိုယ်ပြန်ရမယ်

✍️✍️လောကမှာ…
ရိုးသားမှုကို စိုက်ရင်…
ယုံကြည်မှုကို ပြန်ရမယ်။

✍️✍️ကောင်းမြတ်ခြင်းကို စိုက်ရင်…
ခင်မင်ရင်းနှီးမှုကို ပြန်ရမယ်။

✍️✍️နှိမ့်ချ ရိုကျိုးမှုကို စိုက်ရင်…
ကြီးမြတ်ခြင်းကို ပြန်ရမယ်။

✍️✍️ဇွဲလုံလကို စိုက်ရင်…
အောင်မြင်မှုကို ပြန်ရမယ်။

✍️✍️စာနာထောက်ထားမှုကို စိုက်ရင်…
မျှတမှုကို ပြန်ရမယ်။

✍️✍️ကြိုးစားရင်…
အောင်မြင်မှုကို ပြန်ရမယ်။

✍️✍️ခွင့်လွှတ်ရင်…
ပြေလည်မှုကို ပြန်ရမယ်။

✍️✍️ပွင့်လင်းရင်…
ရင်းနှီးမှုကို ပြန်ရမယ်။

✍️✍️သည်းခံရင်…
တိုးတက်မှုကို ပြန်ရမယ်။

✍️✍️ယုံကြည်ရင်…
ထူးခြားမှုကို ပြန်ရမယ်။

✍️✍️ဒါပေမဲ့…
မရိုးသားရင်…
မယုံကြည်မှုကို ရမယ်။

✍️✍️အတ္တကြီးရင်…အထီးကျန်မယ်။
မာနကြီးရင်…ပျက်စီးမယ်။
မနာလိုရင်…ဒုက္ခရောက်မယ်။
ပျင်းရင်…ကျဆုံးမယ်။
မုန်းတီးရင်…အထီးကျန်မယ်။

✍️✍️လောဘကြီးရင်…ဆုံးရှုးမယ်။
အတင်းပြောရင်…ရန်သူပေါမယ်။
စိုးရိမ်ရင်…သိမ်ငယ်မယ်။
အပြစ်လုပ်ရင်…
လိပ်ပြာမသန့် ဖြစ်မယ်။

✍️✍️ဒါကြောင့်…
ကိုယ်စိုက်တာ
ကိုယ်ပြန်ရတတ်တယ်ဆိုတာကို
အမြဲ သတိထားကြပါ။

✍️✍️ငါ ဘာစိုက်ရင်
ဘာရမယ် ဆိုတာကိုလည်း
စိတ်ထဲမှာ တွေးထား။
မဟုတ်တဲ့အပင်တွေတော့
မစိုက်မိပါစေနဲ့။

image