လိုင်စင်မဲ့မော်တော်ယာဉ်များကို မြဝတီမှတစ်ဆင့် ရှမ်းပြည်နယ်ဘက်သို့ ပို့ဆောင်ရောင်းချနေဟုဆို
အောက်တိုဘာ ၁၄
လိုင်စင်မဲ့မော်တော်ယာဉ်များကို မြဝတီမှ တစ်ဆင့် ရှမ်းပြည်နယ်ဘက်သို့ ပို့ဆောင်ရောင်းချနေ ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလက နေပြည်တော်တွင် ပြု လုပ်သည့်အစည်းအဝေး၌ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ စီးနင်းနေမှုကို ဖော်ထုတ်သွားရန်၊ နံပါတ်ပြား အတုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းတို့ တွေ့ရှိရပြီး တာဝန်ရှိသူများက ပါဝင်ပတ်သက်သူ အားလုံးကို ဖော်ထုတ်အရေးယူသွားရန်နှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းမှုသည် နိုင်ငံတော်အနေဖြင့် အခွန်အခ နစ်နာမှု ရှိသည့်အပြင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု ယာယီ သမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြော ဆိုခဲ့သည်။
ထို့နောက် နိုင်ငံအနှံ့တွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှုများပြားလာကာ အရေးယူမှုများလည်း ဆက်တိုက် ဆောင်ရွက်ခဲ့သည့်အတွက် လိုင်စင်မဲ့ယာဉ်များနှင့် သွားလာမောင်းနှင်မှုများ၊ ရောင်းဝယ်မှု များ နည်းပါးသွားခဲ့သော်လည်း လက်ရှိတွင် လိုင်စင်မဲ့ယာဉ်များရောင်းဝယ်မှုများ ပြန်လည်တွေ့ရှိလာရ ကြောင်း သိရသည်။
“ Without ကားတွေက မြဝတီဘက်ကနေပြီးတော့ လာပြီးတော့ (၃၉) မိုင် အမြန်လမ်းက နေပြီး တော့ တောင်ကြီးကို တက်တာများတယ်။ ဟိုက်ဂျက်တို့၊ ဝှစ်တို့၊ ပရိုဘောက်တို့ကားမျိုးတွေ များတယ်။ အရင်က ခဏ ငြိမ်သွားလိုက်သေးတယ်။ အခုနောက်ပိုင်းပြန်ဖြစ်လာတာ။ ကျန်တဲ့ကုန်စည်တွေသာ တင်းကြပ်နေတာ။ တခြားနယ်တွေကိုလည်း ရောက်လေ့ရောက်ထရှိတယ်။ ရှားတယ်။ ကျောက်ပန်း တောင်းတို့ ပုဂံ ညောင်ဦးတို့ဘာတို့ဘက်တွေပို့ တာဘာညာလည်းရှိတယ်။ ရှားတယ်” ဟု ဖြစ်စဉ် သိရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ လိုင်စင်မဲ့မော်တော်ယာဉ်များကို မြဝတီမြို့မှတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့အပါအဝင် မြို့နယ်အချို့သို့ ပို့ဆောင် ရောင်းဝယ်ခြင်းဖြစ်ပြီး အညာဒေသများသို့လည်း ပို့ဆောင် ရောင်းဝယ်မှုများရှိနေကြောင်း သိရသည်။
“Without ကားတွေကို ကယ်ရီမောင်း တဲ့လူတွေရှိတယ်။ သူ့ရက်နဲ့သူ သွားနေတာပဲ။ (၄) ယောက်တစ်ဖွဲ့၊ (၅)ယောက်တစ်ဖွဲ့တွေပေါ့။ တောင်ပေါ်ဒေသဆိုတော့ Without က စီးလို့ကောင်းတယ် လေ။ မြေပြန့်သာ စီးလို့မကောင်းတာ။ ဒါပေမဲ့ မြေပြန့်တွေလည်း အဲဒီကားတွေ ရောက်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
Credit - NP News Agency
#centralnewsnaypyitaw