2 ပတ် - ဘာသာပြန်ပါ။

အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်ကမ်းခြေရှိ အရက်ဆိုင်တစ်ခုမှာ လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ခု၌ လူလေးဦးသေဆုံးခဲ့ရပြီး အနည်းဆုံးလူ ၂၀ ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၄

အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်ကမ်းခြေရှိ ဂူလာ့လူမျိုးစုတို့ရဲ့ အကြီးမားဆုံး လူ့အဖွဲ့အစည်းလို့ယူဆရတဲ့ စိန့်ဟယ်လီနာကျွန်းပေါ်က လူပြည့်ကျပ်နေတဲ့အရက်ဆိုင်တစ်ခုမှာ အောက်တိုဘာ ၁၂ ရက်နံနက်က လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့ရာမှာ လူလေးဦးသေဆုံးခဲ့ရပြီး အနည်းဆုံးလူ ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့ Willie’s Bar and Grill အရက်ဆိုင်ကို ရဲအရာရှိတွေရောက်ရှိလာချိန်မှာတော့ လူအုပ်ကြီးကလည်း ပြည့်ကျပ်နေပြီး လူအများအပြား သေနတ်ဒဏ်ရာတွေရထားကြတာကိုလည်း တွေ့ခဲ့ရတာပါ။ ကျွန်းပေါ်မှာနေထိုင်ကြတဲ့ ဂူလာ့လူမျိုးစု ခန့်မှန်းခြေ ၅,၀၀၀ ဒါမှမဟုတ် ဒီထက်မကသော လူတွေဟာ ကျွန်ပြုခံခဲ့ကြရတဲ့ အနောက်အာဖရိကကျေးကျွန်တွေက ဆင်းသက်လာတာလို့ ဆိုပါတယ်။ အနောက်အာဖရိကကျေးကျွန် ဂူလာ့လူမျိုးစုတွေဟာ ပြည်တွင်းစစ်ပွဲကြောင့် ကျေးကျွန်အဖြစ်က မလွတ်မြောက်ကြမီ နယ်မြေထဲမှာ တစ်ချိန်က စပါးစိုက်ခင်းတွေမှာ လုပ်ကိုင်ခဲ့ကြတာပါ။

အရက်ဆိုင်ပိုင်ရှင် ဝီလီတာရယ်လ်က ပစ်ခတ်မှုဖြစ်ချိန်မှာ စိန့်ဟယ်လီနာကျွန်းအနောက်မြောက်ဘက် ၁၀ မိုင် (၁၆ ကီလိုမီတာ) အကွာက Beaufort ရှိ Battery Creek အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေအတွက် ပွဲတစ်ခုကို အရက်ဆိုင်မှာကျင်းပနေတာပါ။ သေနတ်သံတွေထွက်လာချိန်မှာ လူတွေက ဒီပွဲမှာ ကောင်းကောင်းပျော်နေကြတယ်လို့ ပြောခဲ့ပါတယ်။

တာရယ်လ်ကလည်း အထက်တန်းကျောင်းသားဟောင်းများ ပွဲအတွက် ပြင်ဆင်ထုပ်ပိုးထားတဲ့ အရက်ဆိုင်အတွင်းပိုင်မှာရှိနေတုန်း အပြင်ဘက်က သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကြားလိုက်ရတာပါ။ သူက မြင်ကွင်းကိုကြည့်လိုက်တာမှာတော့အော်ဟစ်သံတွေ၊ ထိတ်လန့်ကြောက်ရွံ့ ပြီး အလန့်တကြားဖြစ်နေကြတာတွေ တွေ့လိုက်ရတာပါလို့ ဆက်ပြောခဲ့ပါတယ်။

လူအများအပြားဟာလည်း သေနတ်ပစ်ခတ်မှုကနေ လွတ်မြောက်ဖို့ အနီးနားက ဆိုင်တွေကို ထွက်ပြေးကြတာတွေ့ရတယ်လို့ လူမှုကွန်ရက်ပလက်ဖောင်း X မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

“ဒါဟာလူတိုင်းအတွက် ကြေကွဲစရာကောင်းပြီး ခက်ခဲတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒီအဖြစ်အပျက်ကို ဆက်လက်စုံစမ်းနေချိန်မှာ စိတ်ရှည်သည်းခံကြဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ရဲ့ အတွေးတွေက ဒီအမှုမှာ ထိခိုက်ခံရသူတွေအားလုံးနဲ့ သူတို့ရဲ့ချစ်ရသူတွေအားလုံးနဲ့ အတူတူပါပဲ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒဏ်ရာရသူတွေအနက် လေးဦးက ပြင်းထန်တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒဏ်ရာရသူတွေ မည်သူ မည်ဝါဆိုတာ ရဲတပ်ဖွဲ့က မထုတ်ပြန်သေးပါဘူး။

Ref-CNN

Credit - MT News Agency

#centralnewsnaypyitaw

imageimage