ကျီစုသုသာန်မှာ နားထင်သေနတ်ကျည်ထိမှန်ဒဏ်ရာနဲ့ အမျိုးသမီးငယ်တစ်ဦး ဒီနေ့ သင်္ဂြိုဟ်
အောက်တိုဘာ ၁၄
အသက် ၂၃ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး နားထင်ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးတာကို ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကျည်စုသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူက မသူဇာဝင်းလို့သိရှိရပြီး သေဆုံးခဲ့တာက အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းကလို့လည်း သိရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က ကျီစုသုသာန်ဆီ ရုပ်အလောင်းရောက်ရှိလာပြီး ဒီနေ့မှာတော့ သေဆုံးသူမိန်းကလေးရဲ့ ဇာတိ ဧရာဝတီတိုင်းမှ လူနာရှင်ရောက်ရှိလာကာ အလောင်းကိုသင်္ဂြိုဟ်သွားတာလို့လည်း ဖြစ်စဉ်ကို MT News က အကြမ်းဖျင်း စုံစမ်းသိရှိရပါတယ်။
လူနာရှင်နဲ့ နီးစပ်သူထံကစုံစမ်းသိရှိရတာက “ကောင်မလေးက ဒေါပုံရဲစခန်းဝင်း ဝန်ထမ်းအိမ်ရာမှာနေတာ။ သတ်တာက သူ့ယောကျ်ား။ ရာထူးက သေချာမသိဘူး တပ်ကြပ်လားပဲ။ စကားများရာက သေနတ်နဲ့ ပစ်တယ်ပြောတယ်။ တရားခံကိုလည်း ထိန်းသိမ်းထားတယ် ကြားပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူ မသူဇာဝင်း ၂၃ နှစ်ကို PR ၀၅၀ နဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကနေ ထုတ်ယူပြီး ကျီစုသုသာန်မှာ သေဆုံးမှု မှတ်ပုံတင်အမှတ် ၄၃၂၁ နဲ့ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရပါတယ်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး