ဆယ်စုနှစ်နှစ်ခုကျော်ကြာ လက်တွဲလာတဲ့ ဘယ်လင်ဂမ်ရဲ့ မိဘနှစ်ဦး လမ်းခွဲလိုက်ကြပြီ
အောက်တိုဘာ ၁၄
ရီးရဲလ်မက်ဒရစ်စူပါစတားဂျူ့ဘယ်လင်ဂမ်ရဲ့ မိဘနှစ်ပါးဟာ လမ်းခွဲလိုက်ကြပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
အသက် ၄၉ နှစ်ရှိ မတ်နှင့် အသက် ၅၇ နှစ်ရှိ ဒီနစ်တို့ဟာ ဘာမင်ဂမ်အနီး စတိုးဘရစ်ချ်မှာ ဂျူ့နှင့် ညီဖြစ်သူ ဂျော့တို့ကို ပြုစုပျိုးထောင်ခဲ့ကြသူများ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်နှင့် ရီးရဲလ်မက်ဒရစ်စူပါစတားဘယ်လင်ဂမ်က အောင်မြင်တဲ့ ဘောလုံးသမားဘဝ ပိုင်ဆိုင်လာမှုမှာ မိဘနှစ်ပါးရဲ့ အပြည့်အဝထောက်ပံ့ကူညီပေးမှုကြောင့် ဖြစ်ကြောင်း ဖွင့်ဟထားပါတယ်။
ဒါပေမယ့် ယခု ထွက်ပေါ်လာတဲ့သတင်းအရ ဖခင်ဖြစ်သူ မတ်ဟာ အခြားအမျိုးသမီးတစ်ဦးနှင့် တွဲနေကြောင်း သိလာရပါတယ်။
မတ်နှင့် ဒီနစ်တို့ ဇနီးမောင်နှံဟာ ယခုလအစောပိုင်းတုန်းက ဒေါ့မွန်စတားဂျော့ရဲ့ ဘီလ်ဘာအိုနှင့်ပွဲအား လာရောက်ကြည့်စဉ် သီးခြားစီ ခွဲထိုင်မှုနှင့်အတူ အိမ်ထောင်ရေးအကွဲအပြဲ ဖြစ်နေတယ်လို့ ယူဆခြင်းခံခဲ့ရတာပါ။
ယင်းပွဲကို ၎င်းတို့စုံတွဲဟာ အတူတွဲမထိုင်ဘဲ ကြားတွင် မိသားစုဝင်တစ်ဦး ခြားပြီး သားဖြစ်သူရဲ့ ပွဲကို အားပေးခဲ့ကြတာပါ။
၎င်းတို့နှစ်ဦးဟာ သီးခြားစီ ခွဲထိုင်တဲ့အပြင် စကားလည်း မပြောဘဲ ကြားလူ မိသားစုဝင်ကိုသာ စကားပြောကြပါတယ်။
၎င်းတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဒေါ့မွန်တွင် ဂျူ့ဘယ်လင်ဂမ် ကစားသမားဘဝစတင် ထင်ပေါ်လာပြီးနောက် ခွဲနေထိုင်လာခဲ့တာပါ။ ဒီနစ်က ဂျူ့ ရှိရာ ဂျာမနီတွင် နေထိုင်ပါတယ်။
ယင်းအချိန်တွင် သားနှစ်ဦးလုံးရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ မတ်က ဗြိတိန်တွင်ပင် ဆက်နေပြီး သားငယ်ဂျော့ကို ပြုစုပျိုးထောင်ပေးနေခဲ့ပါတယ်။
ဘောလုံးသမားညီနောင်နှစ်ဦးမှာ စပိန်နှင့် ဂျာမနီသို့ အသီးသီး ပြောင်းပြီး ကစားသမားဘဝ မြင့်တက်လာချိန်မှာ မိဘနှစ်ပါးတို့ဟာလည်း နိုင်ငံသုံးခုအကြား ကွဲပြားနေထိုင်ခဲ့ရပါတယ်။
ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်တဲ့ မတ်ဟာ အနောက်မာစီယာရဲအရာရှိ ရှယ်လီပန်ရွန်နှင့် တွဲနေကြောင်း သိရပါတယ်။
ရှယ်လီပန်ချွန်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက သူမရဲ့ ဖစ်ဘုတ်အကောင့်တွင် ဘယ်လင်ဂမ်နှင့် တွဲရိုက်ထားတဲ့ ပုံကို တင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖျက်ချခဲ့ပါတယ်။
၎င်းတို့နှစ်ဦး ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် မတ်ဟာ ကလေးနှစ်ယောက် အမေ ပန်ချွန်နှင့် ဘယ်လို ဆုံစည်းပြီး ချစ်ကြိုက်သွားတယ်ဆိုတာ မသိရသေးပါဘူး။
တဖက်တွင် မတ်နှင့် ဒီနစ်တို့ ဆယ်စုနှစ်ခုကျော်ကြာ လက်တွဲပြီးမှ ဘယ်လို အကြောင်းကြောင့် လမ်းခွဲလိုက်ကြတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။
ဒါပေမယ့် ၎င်းတို့ဟာ လမ်းခွဲကြပြီ ဖြစ်ပေမယ့်လည်း သားနှစ်ဦးရဲ့ ကစားသမားဘဝ တိုးတက်ရေးအပေါ်မှာတော့ အပြည့်အဝ အားစိုက်နေကြတာတော့ သေချာပါတယ်။
#ဘောလုံးသတင်းစုံ