2 w - Translate

၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးချိန်အမီ ရေငတ်ဒဏ်ခံ ယာစပါးမျိုးများ ဖြန့်ဝေပေးမည်

(ပြည်တွင်း) အောက်တိုဘာ ၁၄
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေများစွာမလိုအပ်တဲ့ ရေငတ်ဒဏ်ခံ ယာစပါးမျိုးကို ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးချိန်အမီ တောင်သူများအား ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဗဟိုဌာနမှ သိရပါတယ်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသနဗဟိုဌာနသည် မိုးရေရရှိမှုနည်းပါးသည့် မြေပြန့်ဒေသ များ၌ စိုက်ပျိုးနိုင်စေရန် ရေငတ်ဒဏ်ခံ ယာစပါးလေးမျိုးကို စမ်းသပ်စိုက်ပျိုးကာ သုတေသနပြုလုပ်လျက်ရှိပါတယ်။

အဆိုပါ စပါးလေးမျိုးအနက် တောင်သူများကိုယ်တိုင်ရွေးချယ်သော မျိုးစပါးကို ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးချိန်အမီ ဖြန့်ဝေပေးနိုင်ရန် ဌာနပိုင်ခြံများ၌ မျိုးပွားထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ရေငတ်ဒဏ်ခံယာစပါးမျိုးများအား သုတေသနပြုလုပ်ခြင်းကို မြေပြန့်ဒေသများ၌ ဒေသဝမ်းစာဖူလုံရေး သာမက ရာသီဥတုကြောင့် မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက်ခြင်းအပါအဝင် သဘာဝဘေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

လက်ရှိတွင် ရေငတ်ဒဏ်ခံယာစပါးမျိုးများကို သုတေသနပြုလုပ်မှုများဆောင်ရွက်ပြီးလျက်ရှိ၍ သက်ဆိုင်ရာ ၌ မှတ်ပုံတင်ခြင်း၊ မျိုးပွားထုတ်လုပ်ခြင်း၊ တောင်သူများအားစိုက်ပျိုးချိန်အမီဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း အစရှိတဲ့ လုပ်ငန်းများ စိုက်ပျိုးရေးနှင့်သုသေတနဦးစီးဌာနမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားပေးမည် ဖြစ်ကြောင်းသိရပါတယ်။

image