2 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ခြေစစ်ပွဲအောင်မြင်ရေး ကြိုးစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်ဆို
ဖိအားများရှိသော်လည်း ၂၀၂၆ အမျိုးသမီး ယူ-၁၇အာရှ ဖလားခြေစစ်ပွဲအောင်မြင်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနည်းပြချုပ် Kumiko Tashiroက အောက်တိုဘာ ၁၂ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်း Press Conference ၌ပြုလုပ်ခဲ့သည့် အာရှဖလားခြေစစ်ပွဲစဉ် အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
“အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်လို့ကျေနပ်ပျော်ရွှင်မိပါတယ်။ ကစားသမားတွေကိုလည်း ပြင်းပြင်း ထန်ထန် ကြိုးစားဖို့နဲ့ ရည်မှန်းချက် ကိုယ်စီထားဖို့ ပြောထားပါတယ်။ ဖိအားရှိပေမယ့် ခြေစစ်ပွဲအောင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကိုင်တွယ်ခဲ့တဲ့ သုံးလတာ ကာလအတွင်း ကစားသမားတွေရဲ့ခြေစွမ်း၊ နည်းစနစ်ပိုင်း တိုးတက်လာဖို့ ပြုလုပ်ခဲ့ပါတယ်။ ကွင်းတွင်းသာမက ကွင်းပြင်ပမှာလည်းအရာရာကို ဆုံးဖြတ်နိုင်စွမ်းရှိအောင် သင်ကြားပေးခဲ့ပါတယ်။ အောင်မြင်မှုရဖို့ ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ ယူ-၁၇အမျိုးသမီးအသင်းနည်းပြချုပ် Kumiko Tashiroကဆိုသည်။
“ကစားသမားတွေကို အချိန်ပေးရွေးခဲ့တာဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ဖြန့်ကြက် ရွေးချယ်ခဲ့တာပါ။ ကစားသမားတွေကိုပွဲများများကစားခွင့်ရဖို့ မျှော်လင့်ထားခဲ့ပေမယ့် မွန်ဂိုလီးယား အသင်းက နုတ်ထွက်သွားတာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ ခြေစစ်ပွဲအောင်ဖို့ထက် အမျိုးသမီးတွေ ဘောလုံးကို ကောင်းကောင်းကစားနိုင်ဖို့၊ခြေစွမ်းတိုးတက်လာဖို့ ပိုအလိုရှိပါတယ်” ဟု အင်ဒိုနီးရှား အမျိုးသမီးအသင်းနည်းပြ Timo က ဆိုသည်။
၂၀၂၆ အမျိုးသမီး ယူ-၁၇ အာရှဖလားခြေစစ်ပွဲတွင် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းအနေဖြင့် အောက်တိုဘာ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီတွင် မကာအိုအမျိုးသမီးအသင်းနှင့် လည်းကောင်း၊အောက်တိုဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီတွင် အင်ဒိုနီးရှား အမျိုးသမီး အသင်းနှင့်လည်းကောင်းရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-MFF

image