#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️တောင်အာဖရိက၌ ခရီးသည်တင်ဘတ်စကား တိမ်းမှောက်၊ သေဆုံးသူ ၄၂ ဦးရှိ
တောင်အာဖရိကနိုင်ငံ မြောက်ပိုင်းတောင်ကုန်းဒေသတစ်ခု၌ ခရီးသည်တင်ဘတ်စကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူပေါင်း ၄၂ ဦး သေဆုံးခဲ့ရကြောင်း တောင်အာဖရိက တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
အဆိုပါခရီးသည်တင် ဘတ်စကားတိမ်းမှောက်မှုသည် ပရီတိုးရီးယားမြို့တော်၏ မြောက်ဘက် ၂၄၈ မိုင်အကွာ အဝေးပြေးလမ်းပေါ်၌အောက်တိုဘာ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
လူးဝစ်ထရွိုင်ချက်ဒ်အမည်ရှိ မြို့ငယ်အနီးဖြစ်ပွားခဲ့သော အထက်ပါ ယာဉ်မတော်တဆမှု၌သေဆုံးသူ ၄၂ ဦးရှိကြောင်း လက်ရှိတွင် အတည်ပြုထားသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက်ဒဏ်ရာရရှိသူ အရေအတွက်ကို စိစစ်နိုင်ရေးအတွက်လည်း တောင်အာဖရိက တာဝန်ရှိသူများကကြိုးပမ်းနေဆဲဖြစ်သည်။
အဆိုပါ ခရီးသည်တင် ဘတ်စကားသည်တောင်ပေါ်လမ်းပေါ်၌ မောင်းနှင်နေစဉ် လမ်းချော်တိမ်းမှောက် ခဲ့ရခြင်းဖြစ်ကြောင်း တောင်အာဖရိကတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
တောင်ကုန်းတောင်တန်း ထူထပ်သောတောင်အာဖရိကနိုင်ငံ ဒေသများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်း၊ ယာဉ်များပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း၊ လမ်းများ ကြမ်းတမ်းခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားတတ်သည်။
ကိုးကား-ရိုက်တာ

image