ကမ်ဘာ့ဖလားခြေစစ်ပွဲအောင် ဒုတိယအငယ်ဆုံးနိုင်ငံ ဖြစ်လာတဲ့ ကိတ္ဗာဒီ
အောက်တိုဘာ ၁၄
ကိတ္ဗာဒီဟာ အိမ်ကွင်းတွင် အက်စ်ဝါတီနီကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ကမ်ဘာ့ဖလားခြေစစ်ပွဲအောင် ဒုတိယအသေးငယ်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။
ငမန်းပြာလို့ အမည်ပြောင် ရရွိထားတဲ့ ကိတ္ဗာဒီဟာ အုပ်စုတွင်းတွင် ထိပ်သီး ကင်မရွန်းကို ကျော်ဖြတ်ကာ အုပ်စုဗိုလ်အဖြစ် ရပ်တည်ကာ ၂၀၂၆ ကမ်ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာခဲ့တာလည်း ဖြစ်ပါတယ်။
ကိတ်ဗာဒီအတွက် အနိုင်ဂိုးတွေကို ဒိုင်လွန်လီဗရာမန်တို၊ ဝီလီဆီမီဒိုနှင့် စတိုပီရာတို့က သွင်းယူခဲ့ကြတာ ဖြစ်ပြီး ပွဲပြီးခရာမှုတ်ပြီးနောက် ပရိသတ် ၁၅၀၀၀ ဆန့် အမျိုးသားကွင်းတွင် အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။
အတ္တလန္တိတ်သမုဒ္ဒရာမှ ကျွန်းစု ၁၀ ခုဖြင့် ဖွဲ့စည်းထားတဲ့ ကိတ္ဗာဒီဟာ လူဦးရေ ၅၂၅၀၀၀ သာ ရွိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကိတ္ဗာဒီဟာ ၁၉၇၅ ခုနှစ်တွင် ပေါ်တူဂီလက်အောက်မှ လွတ်လပ်ရေး ရရွိခဲ့တာ ဖြစ်ပြီး ၂၀၀၂ ခုနှစ် တောင်ကိုရီးယားနှင့် ဂျပန်ကမ်ဘာ့ဖလားတွင် ခြေစစ်ပွဲအောင်မြင်ရေး ပထမဆုံးအကြိမ် ကြိုးပမ်းခဲ့ပါတယ်။
ကိတ္ဗာဒီဟာ နောက်ပိုင်းနှစ်များတွင် အာဖရိကရဲ့ ထိပ်သီးဘောလုံးနိုင်ငံ့များထဲမှ တစ်သင်း ဖြစ်လာပြီး ၂၀၁၃ ခုနှစ် အာဖရိကဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ တက်ခဲ့ပြီး ၂၀၂၃ ခုနှစ် အာဖရိကဖလားပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်သို့ တက်ခဲ့ပါတယ်။
လက်ရှိအချိန်တွင် ကိတ္ဗာဒီဟာ ဖီဖာကမ်ဘာ့အဆင့် ၇၀ မွာ ရပ်တည်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။
ကမ်ဘာ့ဖလားခြေစစ်ပွဲအောင် နိုင်ငံများတွင် အသေးငယ်ဆုံးနိုင်ငံအဖြစ် အိုက်စလန် ရပ်တည်နေပြီး ၂၀၁၈ ကမ်ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ဖူးပါတယ်။
ကိတ္ဗာဒီဟာ ပြီးခဲ့တဲ့လတုန်းက အိမ်ကွင်းတွင် ကင်မရွန်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် လက်ကျန် ၂ ပွဲတွင် ၁ ပွဲအနိုင်ရရုံဖြင့် ၂၀၂၆ ကမ်ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မယ့် အနေအထားသို့ ရောက်လာခဲ့တာပါ။
၎င်းတို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ လစ်ဗျားနှင့် ကစားခဲ့ရာမွာ ၃ ဂိုးစီသရေကျမှုကြောင့် ကမ်ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး စောင့်ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ၎င်းတို့ဟာ နိုင်ပွဲမရသေးတဲ့ အက်စ်ဝါတီနီနှင့်ပွဲမှာတော့ ဂိုးပြတ် အနိုင်ယူပြီး ကမ်ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာပါတယ်။
ကိတ္ဗာဒီဟာ နည်းပြဘူဘစ်တာရဲ့ ကာလရှည်ကြာ ကိုင်တွယ်လာမှုနှင့်အတူ တည်ငြိမ်တဲ့အသင်းတစ်သင်း အဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဘူဘစ္တာဟာ ကိတ္ဗာဒီကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလကတည်းက ကိုင်တွယ်လာတာ ဖြစ်ပါတယ်။
အသက် ၅၅ နှစ်ရှိ လက်ရွေးစင်ဟောင်းဟာ ကျစ်လစ်တဲ့ ခံစစ်၊ နည်းစနစ်ပိုင်းကောင်းမွန်တဲ့ အလယ်တန်း၊ ပါရမီရှင်တိုက်စစ်သမားများနှင့် အသင်းကို အကောင်းဆုံးတည်ဆောက်ထားနိုင်ခဲ့ပါတယ်။
တဖက်တွင် ကိတ်ဗာဒီဘောလုံးအဖွဲ့ချုပ်ဟာ ယခုနှစ် အာဖရိကဖလားခြေစစ်ပွဲ မအောင်မြင်ပေမယ့်လည်း ဘူဘစ္တာအား မထုတ်ပယ်ဘဲ ဆက်လက် ယုံကြည်ပေးမှုရဲ့ အကျိုးကျေးဇူးကို ရရှိလာတာလည်း ဖြစ်ပါတယ်။
ကိတ်ဗာဒီနှင့်အတူ ကမ်ဘာ့ဖလားခြေစစ်ပွဲအောင် အာဖရိကအသင်းများအဖြစ် မော်ရိုကို၊ တူနီးရွား၊ အီဂျစ်၊ အယ်ဂျီးရီးယား၊ ဂါနာတို့ ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။ နောက်ထပ် အာဖရိကအသင်း ၃ သင်းလည်း ယင်းအသင်းများနှင့် ပူးပေါင်းလာပါဦးမယ်။
#ဘောလုံးသတင်းစုံ
#့