2 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့တွင် အများပြည်သူသွားလာမှုများပြားရာ နေရာများအနီးတွင် မြွေကြီးများကိုယခုနောက်ပိုင်း ကာလများအတွင်း တွေ့ရှိမှုများရှိလာကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများထံမှ သိရသည်။
လွန်ခဲ့သော အောက်တိုဘာ ၉ ရက်က ညနေပိုင်းလည်း အပန်းဖြေလာရောက်သူများစွာဖြင့် စည်ကားလေ့ ရှိသည့် အင်းယားကန်ဘောင် ပြည်လမ်းမဘက်ခြမ်းမှ လူသွားပလက်ဖောင်းရှိ စတီးတန်း (Wire Road Barrier) ပေါ် တွင် ခွေနေသည့် စပါးကြီးမြွေတစ်ကောင်ကို တွေ့ရှိခဲ့ရသောအဖြစ်မျိုးလည်းရှိခဲ့သည်။
အဆိုပါ စပါးကြီးမြွေများသည် အဆိပ်မရှိသော်လည်း ချွန်ထက်သည့်သွားများရှိပြီး အကိုက်ခံရသူအ နေ ဖြင့် သွေးထွက်လွန်၍ နာကျင်ကိုက်ခဲသောဝေဒနာမျိုးကို ခံစားရနိုင်ကြောင်း၊ စပါးအုံးမြွေများမှာ အဆိပ်မရှိသော်လည်း ချွန်ထက်သော သွားများရှိကြောင်း Snakes of Myanmar အဖွဲ့မှ သိရသည်။
ယခုအောက်တိုဘာလအတွင်းတွင်လည်း မရမ်းကုန်းမြို့နယ်အတွင်းရှိ လူနေအိမ်နှင့် ခြံဝန်းများအတွင်းတွင် မြွေကြီးများ ဝင်ရောက်မှုကြုံခဲ့သလို လူမှုကူညီရေးအဖွဲ့များက သွားရောက်ဖမ်းဆီးပေးခဲ့ရသော အဖြစ်မျိုး ရှိခဲ့ဖူးကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက် သန့်ဇင်လမ်းရှိ လူနေအိမ်ခြံဝန်းအတွင်းမှ အရှည် ၉ပေခန့်ရှိသော စပါး အုံးမြွေကြီးတစ်ကောင်းကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းကလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်မှ လူနေအိမ်ခြံဝန်း ရေမြောင်းအတွင်း အရှည် ၇ပေခန့်ရှိသော စပါးအုံးမြွေကြီးကို အောက်တိုဘာ ၃ ရက်ကလည်း ကောင်း၊ မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ တေဇစက္ကီကျောင်းဝင်း လူနေအဆောက်အဦးအခန်းထောင့်တွင် ခွေ ကာတရှူးရှူးဖြင့် နှာမှုတ်နေသော လင်းမြွေတစ်ကောင်ကို အောက်တိုဘာ ၂ ရက်ကလည်းကောင်း၊ မရမ်းကုန်း ၈ မိုင်ရှိ လူနေခြံဝန်းအတွင်းမှ သွပ်ပြားပုံအောက်တွင် ရောက်နေသည့် အရှည် ၇ ပေခန့်ရှိသော စပါးအုံးမြွေကြီးကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက မိုးရေများအတွင်း အချိန် ၁ နာရီကျော်ကြာအောင် ခက်ခဲစွာထုတ်ယူ ဖမ်းဆီး ပေးခဲ့ရကြောင်း မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့(ရန်ကုန်)မှ သိရသည်။
လွန်ခဲ့သော စက်တင်ဘာလအတွင်းကလည်း ကျိုက်ဝိုင်းစျေးရုံဆိုင်ခန်းအတွင်းနေရာ၊ လှိုင်စျေးကြီး စျေးရုံဆိုင်ခန်းအတွင်း နေရာ၊ ၈ မိုင်၊ လှိုင်မြို့နယ်၊ မာလာမြိုင်(၅)လမ်းရှိ အိမ်ဆိုင်အတွင်း၊ အဆိုပါလမ်းအတွင်းရှိ နေအိမ်မီးဖိုချောင်အတွင်း မြွေဝင်ရောက်မှုများအပါအဝင် အကူအညီတောင်းခံမှုကြောင့် သွားရောက်ဖမ်းယူ ရှင်း လင်းပေးခဲ့ကြကြောင်း၊ ဖမ်းပေးသော မြွေကြီးများတွင် အရှည် ၉ပေခန့်ရှိသော စပါးအုံးမြွေနှင့် စပါးအုံးမြွေကြီး များ၊ ငန်းစောင်း၊ မြွေပြဒါး စသည့် မြွေအမျိုးအစားများ ပါဝင်ကြောင်း ယင်းပရဟိအဖွဲ့မှ ဆက်လက်သိရသည်။

image