ဒီပုံပြင် ၁မိနစ်က သင့်ဘဝတစ်သက်စာကို ပြောင်းလဲစေနိုင်တယ် ။ နောင်မှနောင်တမရလေအောင် အခုပဲဖတ်ဖြစ်အောင်ဖတ်ပါ။

တစ်ခါတုန်းက စိမ်းလန်းစိုပြေနေတဲ့ သစ်တောကြီးထဲမှာ ငှက်ကလေးတစ်ကောင် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ပါတယ်။ သူမရဲ့ အသံဟာ အရမ်းကိုချိုမြိန်လွန်းတာကြောင့် မနက်ခင်းတိုင်း သစ်တောတစ်ခုလုံးက သစ်ပင်တွေနဲ့ တိရစ္ဆာန်တွေအားလုံးက သူမသီချင်းဆိုတာကိုနားထောင်ဖို့ ရပ်တန့်ငြိမ်သက်သွားကြပြီး အကုန်လုံးကလည်း သူမကိုနှစ်သက်ကြပါတယ်။

နေ့တိုင်း ငှက်ကလေးဟာ ဝေးဝေးပျံသန်းပြီး စားဖို့အင်းဆက်ပိုးမွှားတွေရှာဖွေခဲ့ပါတယ်။ ဒါဟာ ပင်ပန်းတဲ့အလုပ်ဆိုပေမယ့် သူမကတော့ ဒီလိုလုပ်ရတာကို ပျော်ရွှင်နေခဲ့ပါတယ်။

---

တစ်နေ့မှာ သူမဟာ လယ်သမားတစ်ယောက် သစ်သားသေတ္တာတစ်လုံးကိုသယ်ပြီး သစ်တောထဲလာတာကိုမြင်လိုက်တာကြောင့် စပ်စုတဲ့သဘောနဲ့ ငှက်ကလေးဟာ ဆင်းလာပြီး "သေတ္တာထဲမှာ ဘာရှိလဲ" လို့မေးမြန်းလိုက်ပါတယ်။

လယ်သမားက သေတ္တာထဲမှာ အင်းဆက်ပိုးမွှားတွေ ရှိတယ်လို့ပြန်ဖြေခဲ့ပြီး သူဟာဒါတွေကိုဈေးကိုပို့ရောင်းကာ အမွေးအတောင်တွေဝယ်ယူဖို့သွားနေတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ငှက်ကလေးဟာ ခဏစဉ်းစားပြီးနောက် လယ်သမားနဲ့ သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။ သူမဟာ လယ်သမားကို သူမရဲ့အမွေးအတောင် တွေပေးမယ်၊ အဲဒီအစား သူမကအင်းဆက်ပိုးမွှားတွေကိုရမယ်။ ဒီလိုဆိုရင် လယ်သမားဟာ ဈေးကိုသွားစရာမလိုတော့သလို သူမကလည်း အစာရှာဖွေစရာမလိုတော့ဘူးပေါ့။ လယ်သမားဟာ ဒီသဘောတူညီချက်ကို လက်ခံလိုက်ပါတယ်။

---

အဲဒီနေ့ကစပြီး ဒီအရောင်းအဝယ်ဟာ ဆက်ဖြစ်နေခဲ့ပါတယ်- ငှက်ကလေးဟာ အမွေးအတောင်တစ်ချောင်းပေးပြီး အလွယ်တကူအစာရရှိခဲ့ပါတယ်။ သူမမှာ ပျံသန်းဖို့ ဒါမှမဟုတ် ရုန်းကန်လှုပ်ရှားဖို့ မလိုတော့ပါဘူး။

သို့ပေမယ့် အခြေအနေတွေဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ သူမရဲ့အမွေးအတောင်တွေဟာ နည်းပါးလာခဲ့ပြီး ပျံသန်းရတာ ပိုခက်ခဲလာ တာကိုသူမသတိထားမိလာပါတယ်။ သူမရဲ့ခန္ဓာကိုယ်ဟာ အားနည်းနေသလိုခံစားရပြီး သူမရဲ့ချိုမြိန်တဲ့အသံ(တေးသံ)ဟာလည်း အရင်လိုမဟုတ်ဘဲ ကြမ်းတမ်းလာပါတော့တယ်။ သူမဟာ ခဏပင်ပန်းနေတာဖြစ်ပြီး မကြာခင်ပြန်ကောင်းသွားမယ်လို့ သူမကိုယ်သူမယုံကြည်အောင်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

---

နောက်ဆုံးမှာတော့ ငှက်ကလေးမှာ အမွေးအတောင် တစ်ချောင်းမှ မကျန်တော့တဲ့အပြင် ပျံတောင်မပျံနိုင်တော့ပါဘူး၊ ဆိုလိုတာက သူမစိတ်ကြိုက်ရှာချင်တယ်ဆိုရင်တောင် အင်းဆက်ပိုးမွှားတွေကို ရှာလို့မရနိုင်တော့ပါဘူး။

လယ်သမားကလည်း သူမမှာ သူ့ကိုပေးစရာဘာမှမရှိတော့တဲ့အတွက် သူမကို အစာပေးတာ ရပ်ခဲ့တာကြောင့် ငှက်ကလေးဟာ နေ့တိုင်းပိုပိုပြီးအားနည်းလာခဲ့တဲ့အပြင် သစ်တောထဲက ဘယ်သူကမှ အရင်လို သူမအပေါ်ဂရုစိုက်မှုမရှိတော့ပါဘူး။ တိတ်တဆိတ်နဲ့ပဲ တစ်နေ့မှာ သူမသေဆုံးသွားခဲ့ပါတယ်။

---

နောက်ဆုံးအနေနဲ့ ပုံပြင်လေးထဲက သင်ခန်းစာကတော့ သင့်ရဲ့စွမ်းအား (သို့) သင့်ရဲ့အတောင်ပံတွေကို တစ်စုံတစ်ယောက်ရဲ့ အဆင်ပြေမှု (သို့) သေးငယ်တဲ့သက်တောင့်သက်သာရှိမှုလေးတွေနဲ့ မလဲလှယ်မိဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အတောင်ပံတွေ၊ ပါရမီစွမ်းရည်၊ ကြိုးစားမှုနဲ့ စိတ်ဓာတ်တွေဟာ သင့်ရဲ့ ကိုယ်ပိုင်လက္ခဏာ ဖြစ်နေလို့ပါ။ ခက်ခဲတယ်ဆိုရင်တောင် သင် ဆက်ပျံသန်းရမယ်၊ နှေးကွေးတယ်ဆိုရင်တောင် သင် ဆက်တက်သွားရမယ်။ ဘာကြောင့်လဲဆိုတော့ သင် ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး ထိပ်ဆုံးကိုရောက်တဲ့အခါမှသာ ကောင်းကင်ဟာ သင့်ရဲ့ ကိုယ်ပိုင်ကောင်းကင်ဖြစ်လာမှာမို့ပါ။

image