ဒဂုံတောင်စက်မှုဇုန်ရှိ ကားပစ္စည်းအရောင်းဆိုင်တွင် မီးလောင်မှုဖြစ်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ စက်မှုဇုန်တွင် ယနေ့ အောက်တိုဘာ ၁၄ ရက်နံနက်အစောပိုင်း ၄ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၂)၊ ရွှေလီလမ်းရှိ ကားပစ္စည်းအရောင်းဆိုင်တွင် မီးလောင်မှုဖြစ် ပွား၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၄ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက် စီးဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးခဲ့ကြကြောင်း သိရသည်။