2 w - Translate

⚛ Caffeine in Tea (ကဖင်း) နဲ့ လက်ဖက်
Caffeine (ကဖင်း) ဓါတ်ဟာ သဘာဝအအားဖြင့် ကော်ဖီနဲ့ လက်ဖက်ခြောက်ထဲမှာ ပါနေတယ်။
လက်ဖက်ရည်ကတော့ ၄ မျိုးရှိတယ်။ Green tea, Oolong tea, White tea နဲ့ Black tea တွေဖြစ်တယ်။
လက်ဖက်မှန်သမျှ Camellia sinensis အပင်ကနေရာပါတယ်။
(ကဖင်း) ဘယ်လောက်ပါသလဲဆိုတာက အမျိုးမျိုးရှိတယ်။ လက်ဖက်ရည်တခွက်ထဲမှာ ယေဘုယျဆိုရင် 15 to 75 mg ပါတယ်။ အရွက်သပ်သပ်ဆိုရင် အလေးချိန်ရဲ့ ၃% ရှိတယ်။
အကြမ်းအားဖြင့် ကော်ဖီ တခွက် (၈ အောင်စ) ထဲမှာ 90mg (ကဖင်း) နဲ့ လက်ဘက်ရည် အထုပ်လေးတွေနဲ့ သောက်ရတဲ့ တခွက် (၈ အောင်စ) ထဲမှာ 65mg ပါတယ်။
Green Tea လက်ဖက်ရည်တခွက် (၈ အောင်စ) ထဲမှာ (ကဖင်း) 15-36 mg ပါတယ်။ (ကဖင်း) အုပ်စုထဲက Theobromine နဲ့ Theophylline (ပန်းနာအတွက်သုံးတဲ့ဆေး) တွေလဲ ပါတယ်။
Oolong Tea (အူးလောင်) လက်ဖက်ရည် တခွက် (၈ အောင်စ) ထဲမှာ 12 – 55 mg ပါတယ်။
White Tea လက်ဖက်ရည်ဖြူခေါ်တာထဲမှာ 6 – 25 mg ပါတယ်။
Black Tea လက်ဖက်ရည်ခါးထဲမှာ 25 – 110 mg ပါတယ်။
Instant coffee ထဲမှာ 65-100mg ပါတယ်။
Espresso (အိတ်စ်ပရက်ဆို) ၂ အောင်စ ကော်ဖီထဲမှာ 100 (ကေဖင်း) ပါတယ်။
Beverages ခေါ်တဲ့သောက်စရာအရည်အမျိုးမျိုးထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ Soft drinks ခေါ်တဲ့အချိုရည်၊ Energy drinks ခေါ်တဲ့ အားကစားသမားတွေသောက်တဲ့ အချိုရည်တွေထဲမှာ (ကဖင်း) ဓါတ်ပါတယ်။ တချို့အမျိုးအစားတွေထဲမှာတော့ ကဖင်း မပါဘူး။
Soft drink တွေထဲမှာ Soda, Pop, Coke, Soda pop, Fizzy drink, Tonic, Seltzer, Mineral, Sparkling water, Lolly water နဲ့ Carbonated beverage စတာတွေပါတယ်။
Alcoholic beverages အရက်တချို့ ဥပမာ Four Loko ထဲမှာ Caffeine (ကဖင်း) နဲ့ Stimulants စိတ်ကြွစေတာတွေ ပါတယ်။
မြန်မာတွေ နေ့တိုင်းစားနေကြတဲ့ လက်ဖက်သုပ်အမျိုးမျိုးထဲမှာလဲ (ကဖင်း) ဓါတ် အသေအချာပါပေမဲ့ ဘယ်လောက်အထိ အလေးချိန်၊ ရာခိုင်နှုန်းပါသလဲဆိုတာ သုတေသန သိပ်မတွေ့ပါ။
Credit original writter

image