2 ပတ် - ဘာသာပြန်ပါ။

စိတ်ကွယ်ရာမှာတောင် ရိုးသားဖြောင့်မတ်တဲ့ အမျိုးသမီးကြီး
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကိုလာပြီး ပညာသင်နေတဲ့ သီရိလင်္ကာကျောင်းသူလေးတစ်ယောက် ငိုတော့မလို အမူအရာနဲ့ ရဲစခန်းကို ရောက်နေတယ်။ မနက်ဖြန်ဆိုရင် ကျောင်းလခ သွင်းရမယ့် နောက်ဆုံးရက် ရောက်ပြီ။ ဒီနေ့ကျမှ ဝမ် ၁ သန်းကျော် ( အမေရိကန်ဒေါ်လာ ၈၁၅) ထည့်ထားတဲ့ သူ့ရဲ့ ငွေစုစာအုပ်လေး ဘယ်နား ကျပျောက်သွားမှန်း မသိဘူး။
ကိုရီးယားစကားလည်း လည်လည်ပတ်ပတ် မပြောတတ်တာမို့ ဖုန်းထဲက ဘာသာပြန်စနစ်သုံးပြီး ငွေစုစာအုပ် ပျောက်သွားတဲ့အကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်နေတာပါ။ သူ ပြောတာကို ကိုရီးယား ရဲတွေ နားမလည်၊ ရဲတွေ ပြန်မေးတာလည်း သူက နားမလည်ဖြစ်နေလို့ ၅ နာရီလောက် ကြာသွားခဲ့တယ်။
အဲဒီအချိန်မှာပဲ အသက် ၆၀ ဝန်းကျင် အမျိုးသမီးကြီးတစ်ယောက် ရဲစခန်းထဲ ဝင်လာတယ်။ သူ့လက်ထဲမှာတော့ စာအိတ်လေးတစ်လုံး။ အမျိုးသမီးကြီး လက်ထဲက စာအိတ်ကို မြင်တော့ ကောင်မလေး ပျော်သွားတယ်။ သူ ပျောက်သွားတဲ့ ငွေစုစာအိတ်လေးပဲ။ ငွေစုစာအိတ်လေးကို ဖွင့်ကြည့်လိုက်တော့ ငွေစက္ကူတွေက ပုံစံမပျက် ရှိနေတယ်။ ကောင်မလေးလည်း ပျော်လွန်းလို့ အမျိုးသမီးကြီးကို ပွေ့ဖက်လိုက်တယ်။
'' ဒီလောက်များတဲ့ငွေတွေ ကျပျောက်သွားတယ်ဆိုရင် သူသူ့ကိုယ်ကိုယ် စိတ်ဆင်းရဲမှာပဲလေ။ ရဲစခန်းကို ပြန်အပ်လိုက်ရင်တော့ ပျောက်သွားတဲ့ပိုင်ရှင်ထံ ပြန်ပေးနိုင်မှာပဲ ထင်ပြီး ရဲစခန်းကို လာခဲ့တာပါ။ ကျွန်မနေရာမှာ အခြားသူတွေဆိုရင်လည်း ဒီလိုပဲ လုပ်ကြမှာပါ'' လို့ ဂျွန်းဆွန်ဂျာဆိုတဲ့ အမျိုးသမီးကြီးက ပြောပါတယ်။
စိတ်ညစ်ညူးစရာ သတင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ ကိုယ်ချင်းစာတရား လက်ကိုင်ထားသူတွေ ရှိနေပါသေးလားဆိုတာ သိခွင့်ရတဲ့ ဒီသတင်းလေးကတော့ စိတ်ကြည်နူးစရာပါပဲ။ ဂျွန်းဆွန်ဂျာက သူ ကောက်ရတဲ့ငွေတွေကို ပြန်မပေးဘဲ ယူထားလိုက်လည်း ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။
အခုလုပ်ရပ်ကတော့ ဂျွန်းဆွန်ဂျာဟာ စိတ်ကွယ်ရာအရပ်မှာတောင် ရိုးသားဖြောင့်မတ်မှုကို တန်ဖိုးထားတဲ့ အမျိုးသမီးကြီးတစ်ဦးဆိုတာ ကမ္ဗည်းထိုးနိုင်ခဲ့တာပါပဲ။
Ref: A South Korean woman went viral for her kindness after returning an envelope containing the lost tuition money of a foreign student

image