📌 ခွေးလေးတွေကို ကားနဲ့အလည်အပတ်ခေါ်သွားတဲ့အခါ
👉🏼 ခရီးမစမီ နာရီအနည်းငယ်အလိုမှာ အစာအများကြီး ကျွေးတာကို ရှောင်ပါ။
👉🏼 ရေမကြာခဏတိုက်ပါ။
👉🏼 မှန်အကုန်ဖွင့်တာ၊ ခေါင်းကို အပြင်ပေးထွက်တာမျိုးမလုပ်ပါနဲ့။
👉🏼 ဖွင့်ဖို့လိုအပ်ပါက အသက်ရှူကောင်းဖို့နဲ့ အနည်းငယ်သာဖွင့်ထားပါ။
👉🏼 အပေါ့၊ အလေးအတွက် အခြေအနေကြည့်ပြီး ကားနားတာမျိုးလုပ်ပေးပါ။
👉🏼 ကားထဲ ကလေးကိုပဲချန်ပြီးပိတ်ထားခဲ့တာမျိုးမလုပ်ပါနဲ့။ အပူချိန်မြင့်တဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
👉🏼 ကားမူးတတ်တဲ့ကလေးတွေအတွက်တော့ တိဆရာ၀န်ရဲ့ ဆေးညွှန်းနဲ့ ဆေးကျွေးထားလို့ရပါတယ်။
💬 အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။
ကျွန်တော်ရဲ့ ကလေးများနဲ့ တိချစ်သူမိဘအားလုံး ကျန်းမာချမ်းသာစွာ ပျော်ရွှင်ကြရပါစေခင်မျာ 🤍🙏🏼