၅ နှစ်ကြာတဲ့အထိ မပြီးသေးတဲ့ အိပ်မက် နေအိမ်တည်ဆောက်ရေး ရွှေ့ဆိုင်းရမှုနှင့်အတူ ပေါင် ၁၅ သန်းအထိ ကုန်ကျလာဖို့ ရှိနေတဲ့ မားကပ်စ်ရက်ဖို့ဒ်
အောက်တိုဘာ ၁၃
မားကပ်စ်ရက်ဖို့ဒ်ရဲ့ အိပ်မက်နေအိမ် တည်ဆောက်မှုမှာ ရွှေ့ဆိုင်းရမှုနှင့်အတူ ပေါင် ၁၅ သန်းအထိ ကုန်ကျစရိတ်ရှိလာဖို့ ရှိနေပါတယ်။
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ်တုန်းက ပေါင် ၂.၂၅ သန်းဖြင့် ဂေါက်ကွင်းဟောင်းနှင့် ကလပ်ဟောက်စ်ဟောင်းကို ဝယ်ယူခဲ့တာ ဖြစ်ပြီး ငါးနှစ်နီးပါးရှိပြီ ဖြစ်ပေမယ့်လည်း ယခုတိုင် တည်ဆောက်မှု မပြီးစီးသေးပါဘူး။
ရက်ဖို့ဒ်ဝယ်ယူထားတဲ့ ၆၃ ဧကရှိ ယင်းနေအိမ် တည်ဆောက်ရေးမှာ ငွေကြေးပြဿနာကြောင့် တည်ဆောက်ရေး ကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဘာစီလိုနာတွင် အငှားဖြင့် ကစားနေတဲ့ ရက်ဖို့ဒ်ဟာ ဘဏ္ဍာရေးအဖွဲ့ ဖွဲ့စည်းကာ နေအိမ်တည်ဆောက်မှု မပြီးစီးရတဲ့ အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေပါတယ်။
သတင်းအရင်းအမြစ်က "တလောမှ အိမ်ပြန်တည်ဆောက်မှု ပြန်စတယ်။ ဒါပေမယ့် တိုးတက်မှု နှေးတယ်။ အားလုံးက ငွေကြောင့်ပါ။ မားကပ်စ်က အိမ်တွင် ကုန်ထားသမျှ အလဟသ ဖြစ်လာမှာ စိုးရိမ်နေတယ်။ သူက အမြန်ပြီးစေချင်နေတယ်။ ဒါပေမယ့် သူ တားလို့ မရတဲ့ ပြဿနာတွေ ရှိနေတယ်။ သူကတော့ အမြန်ဆုံးပြီးချင်တာ တစ်ခုပဲ ရှိတယ်"လို့ ပြောကြားသွားပါတယ်။
ရက်ဖို့ဒ်ဟာ ချီရှိုင်းယားရွာဘက်ခြမ်းရှိ ၉ ကျင်းဂေါက်ကွင်းဟောင်းကို ဝယ်ယူကာ ရေကူးကန်၊ အားကစားခန်းပါဝင်တဲ့ အိပ်ခန်း ၅ ခန်းပါ နေအိမ် တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ယင်းနေအိမ်တည်ဆောက်မှုမှာ ဧရိယာအတွင်းရှိ လင်းနို့၊ ငှက်၊ ဖြူကောင်များ၊ ရှားပါးပုသင်ကောင်များ ရှိနေမှုနှင့်အတူ ဂေဟစနစ် မပျက်စီးရေး လုပ်ဆောင်နေရမှုများကြောင့် ကြန့်ကြာနေတာပါ။
ဒါပေမယ့် ရေလွှမ်းမိုးမှုများလည်း ဖြစ်မှုနှင့်အတူ နေအိမ်တည်ဆောက်ရေးစီမံကိန်းအား အပြောင်းအလဲ ပြုလုပ်ရမှုနှင့်အတူ ရက်ဖို့ဒ်အတွက် ငွေကုန်ကြေးကျ ပိုများလာစေပါတယ်။
#ဘောလုံးသတင်းစုံ