🌸နောင်တ_မရပါစေနဲ့
ဘယ်အရာနဲ့ ပတ်သက်လိုပဲ ဖြစ်ဖြစ် ၊
ဘယ်သူနဲ့ ပတ်သက်လိုပဲ ဖြစ်ဖြစ်
နောင်တ မရပါစေနဲ့....။
နောက်မှ ရတဲ့ နောင်တရဲ့ အကျိုးရလဒ်ကတော့
ပူဆွေးဝမ်းနည်းခြင်းခြင်းကလွဲလို
တစ်ခြား မရှိပါဘူး....။
လုပ်သင့်လုပ်ထိုက်တာကို
အချိန်မှီ ပြုလုပ်ခြင်းက သတ္တိပါပဲ....။
ကိုယ်နဲ့ ပတ်သက် စပ်ယှဉ်နေရတဲ့ လူတွေကိုလဲ
ကိုယ့်ကြောင့် စိတ်မဆင်းရဲစေပါနဲ့....။
သူ အရင် သေမလား....
ကိုယ် အရင်သေမလား ဆိုတဲ့
သေမင်းရဲ့ သေစာရင်းစာတမ်းကို
ဘယ်သူမှ ဖတ်ခွင့် မရှိကြတော့....
အားလုံးအတွက် ကောင်းနိုင်သလောက် ကောင်းပေးတာ...လူသားဆန်ရာရောက်ပါတယ်....။
နောင်တလဲ ကင်းပါတယ်...။
တချို ဆက်ဆံရေးတွေမှာ
မာနတွေ ၊ အတ္တတွေ ၊ အပြစ်မြင်မှုတွေ ၊ ကိုယ်ချင်းစာစိတ် ကင်းခြင်းတွေ ၊ နားလည်မှု လွဲခြင်းတွေ
ရောယှက်နေတတ်တယ်....။
ဘယ်လိုပဲ ဖြစ်ဖြစ်လေ.....
နောင်တ ကင်းအောင်
ကိုယ်လုပ်နိုင်တဲ့ ကောင်းတဲ့အလုပ်လေးကို
လုပ်နေလိုက်ပါ..။
ကိုယ့်အတွက် ကောင်းတာတွေပဲ ဖြစ်လာပါလိမ့်မယ် ....။
မေညွန့်