✅ကျန်းမာရေး မထိခိုက်ဘဲ ဝိတ်ကျစေမယ့်
ကန်စွန်းဥပြုတ်ရည်
🍠🍠🍠🍠🍠🍠🍠🍠🍠🍠🍠
✅ကန်စွန်းဥကို ပြုတ်ထားတဲ့ အရည်ကို သောက်သုံးခြင်းဟာ ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် ထိရောက်တဲ့ အရာတစ်ခုဖြစ်ကြောင်း ဂျပန်သုတေသီတွေက ဆိုပါတယ်။
✅သိပ္ပံံသုတေသီတွေဟာ အဆီများတဲ့ကြွက်တွေကို အုပ်စုနှစ်ခုခွဲပြီး လေ့လာခဲ့ကြတာပါ။
✅ကြွက်အုပ်စုတစ်စုကိုတော့ ပရိုတိန်းမြင့်မားစွာပါဝင်တဲ့ ကန်စွန်းဥပြုတ်ရည်ကို ၂၈ ရက်ကြာ တိုက်ကျွေးပြီးနောက် ယင်းတို့ရဲ့ ကိုယ်အလေးချိန်၊ အသည်းထုထည်နဲ့ အဆီတည်ရှိနေမှုတွေကို တိုင်းတာခဲ့ပါတယ်။
✅အဲ့ဒီအခါမှာ ကိုယ်အလေးချိန်လျော့ကျသွားသကဲ့သို့ ကိုလက်စထရော၊ ထရိုင်ဂလစ်ဆရိုက်၊ လက်ပ်တင် ပမာဏတွေပါ လျော့ကျလာတာကိုလည်း တွေ့ရှိရပါတယ်။
✅ကန်စွန်းဥပြုတ်ရည်သောက်သုံးခြင်းရဲ့ အာနိသင်ဟာ ကြွက်တွေမှာ သက်ရောက်သလို လူတွေပေါ်မှာလည်း သက်ရောက်မှုရှိကြောင်း ဂျပန်သုတေသီတွေက ပြောပါတယ်။
✅ကိုယ်အလေးချိန်လျော့ကျလိုသူတွေအနေနဲ့ ကန်စွန်းဥပြုတ်ရည်ကို သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်ထဲက အဆီမော်လီကျူးတွေ လျော့ကျကာ ကိုယ်အလေးချိန်လျော့ကျမှာဖြစ်ပြီး ကျန်းမာရေးကိုလည်း မထိခိုက်စေဘူးလို့ သိရပါတယ်။

image