24 hrs - Translate

◾️ပြင်ဦးလွင်ရှိ စစ်ဘေးရှောင်များကို စုရပ်သုံးခုခွဲကာ ထောက်ပံ့ကူညီမည်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့သို့ရောက်ရှိနေသော စစ်ဘေးရှောင်များကို စုရပ်သုံးရပ်ခွဲကာ ထောက်ပံ့ ကူညီမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ဘေးရှောင်များကိုကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
အဆိုပါစုရပ်နေရာသုံးခုမှာ ပြင်ဦးလွင်မြို့သို့ရောက်ရှိနေသော စစ်ဘေးရှောင်များအားရွှေစည်းခုံကျောင်း တိုက်ဓမ္မာရုံ၊ အနီးစခန်းစစ်ဘေးရှောင်များအတွက်စုရပ်ကို ဆေကိန္ဒာရာမကျောင်းတိုက် ဓမ္မာရုံ၊ ပြင်စာ စစ်‌ဘေးရှောင်များအတွက်စုရပ်ကို ပြင်စာရွာဦးကျောင်းဓမ္မာရုံတို့တွင် ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
"ဗန်မော်ကစစ်ဘေးရှောင်တွေ ပြင်ဦးလွင်ကိုရောက်နေတာအိမ်ထောင်စု ၄၀၀ ကျော်ရှိတယ်။ သူတို့ အားလုံးက ကယ်ဆယ်ရေးစခန်းတစ်ခုထဲမှာနေတာမဟုတ်ဘူး။ စခန်းသုံးခုမှာအဆင်ပြေသလိုနေကြ တယ်။ ကျွန်တော်လှူပေးမယ့်အဖွဲ့တွေကလည်း တစ်နေရာတည်လှူမှာမဟုတ်ပါဘူး။ သူတို့နေတဲ့ စခန်းသုံးခုရဲ့အနီးဝန်ကျင်မှာပဲထောက်ပံ့ပေးသွားမှာပါ " ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့များမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ပြင်ဦးလွင်သို့ရောက်ရှိနေသည့် ဗန်းမော်စစ်ဘေးရှောင်အရေအတွက်မှာ အိမ်ထောင်စု ၁၇‌၅ စု၊ အနီးစခန်းရှိစုရပ်တွင်အိမ်ထောင်စုမှာ ၁၀၀ စုနှင့် ပြင်စာစုရပ်တွင် ပြင်စာ၊ လက်ပံကုန်း၊ သုံးတောင်၊ ဇီးပင်ကြီး၊ ကျောက်ဖျာဒိုးနှင့် ၂၂ မိုင်ရောက် ဗန်းမော်စစ်ရှောင်အိမ်ထောင်စု ၁၄၃ စုရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - CJ
#ပြည်တွင်းသတင်း

image