15 w - Translate

ငါမှားရင်
ငါ့ကိုဝေဖန်ပါ
အကြံပြုပါ လမ်းညွှန်ပါ
ကွယ်ရာမှာ မကဲ့ရဲ့ပါနဲ့

ငါ့ထက်တော်ရင်
ငါ့ရှေ့ကသွား
ငါ့ကို တွဲခေါ်
ငါ့ကိုသင်ပေး
ကြည်ဖြူစွာ လမ်းဖယ်ပေးမယ်
ကွယ်ရာမှာ အပုတ်မချပါနဲ့

ငါ့အောက်နိမ့်ရင် ဝမ်းမနည်းနဲ့
အားမငယ်နဲ့
စိတ်ဓာတ်မကျနဲ့
ညင်သာစွာတွဲခေါ်ပေးမယ်
ငါသိ ငါတတ် ငါနိုင် ငါစား
ငါမတရားမလုပ်ဖူး
ကွယ်ရာမှာတော့ အပြစ်မပြောနဲ့

သင်ပြမှာလား
ငါ့ရှေ့ကသွား
ကြည်ဖြူစွာနဲ့လမ်းဖယ်ပေးမယ်

သင်ယူမှာလား
ငါ့နောက်ကလိုက်
ညင်သာစွာ တွဲခေါ်ပေးမယ်

လျှောက်တဲ့ပန်းတိုင် တူညီခဲ့ရင်
တွဲသောလက်တွေ
ခိုမြဲစေမယ်

ရှေ့က မသွား
နောက်ကမလိုက်
လမ်းအရှေ့ကတော့ ပိတ်မရပ်နဲ့

အကျိုးမရှိတဲ့
အဆိုးမြင်စိတ်တွေ
စွန့်လွှတ်ပြီး
အောင်မြင်မှုဆီ လက်တွဲညီညီ
လှမ်းလျှောက်ကြစို သူငယ်ချင်း !