#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မဒါဂတ်စကား၌ လူငယ်များဦးဆောင်သော ဆန္ဒပြပွဲများတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပါဝင်လာ
မဒါဂတ်စကားနိုင်ငံ၌ ဖြစ်ပွားနေသောအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ လူငယ်ဆန္ဒပြသမားနှင့်အတူ လက်နက်ကိုင်တပ်ဖွဲ့ဝင်များလည်းအောက်တိုဘာ ၁၁ ရက်တွင် ပူးပေါင်းပါဝင်လာကြောင်း သိရသည်။
အန်တာနာနာရီဗို မြို့တော်တွင်းရှိ ရင်ပြင်ဆီကို ဆန္ဒပြလူငယ်များ ချီတက်ဝင်ရောက်စဉ် မဒါဂတ်စတား လက်နက်ကိုင်တပ်ဖွဲ့ဝင်များက စောင့်ရှောက်လိုက်ပါပေးခဲ့ရသည်။
ဇက်မျိုးဆက်လူငယ်များ ဦးဆောင်သောဆန္ဒပြပွဲများ ပြီးခဲ့သည့်လအတွင်း စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဒါဂတ်စကားလက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဆန္ဒပြပွဲများ၌ ပါဝင်လာခြင်း ဖြစ်သည်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပါဝင်လာခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေး ရန်နှင့် သွေးစည်းညီညွှတ်ကြရန် မဒါဂတ်စကားဝန်ကြီးချုပ်ဇာဖီဆမ်ဘိုက နိုင်ငံပိုင် ရုပ်သံဌာနမှတစ်ဆင့် တိုက်တွန်းခဲ့သည်။
လက်ရှိသမ္မတ ရာဂျိုလီနာ ၂၀၀၉ ခုနှစ်အတွင်း အာဏာသိမ်းယူရေးအတွက် အကူအညီပေးခဲ့သော မဒါဂတ်စကားအထူးတပ်ဖွဲ့ဝင်များကသမ္မတရာဂျိုလီနာ၏ ညွှန်ကြားချက်များကို မနာခံရန်နှင့် လူငယ်ဆန္ဒပြသမားများကို ထောက်ခံအားပေးရန် ဘ၀တူတပ်ဖွဲ့ဝင်များအား အောက်တိုဘာ၁၁ ရက် နံနက်ပိုင်းတွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကင်ညာနိုင်ငံနှင့် နီပေါနိုင်ငံတို့၌ ဖြစ်ပွားခဲ့သော ဇက်မျိုးဆက်လူငယ်များဦးဆောင်သည့် ဆန္ဒပြပွဲများ၏ စေ့ဆော်မှုဖြင့် မဒါဂတ်စကား၌ လူငယ်များဦးဆောင်သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများယခုနှစ် စတင်ဘာ ၂၅ ရက်တွင် စတင်ခဲ့သည်။
ကိုးကား-ရိုက်တာ