တောင်ကြီး တန်ဆောင်တိုင်ပွဲသွား
မည့်သူများဟိုတယ် တွေမရရင် စိတ်မပူပါနဲ့😊
🚗ကိုယ်ပိုင်ကားနဲ့လာတဲ့သူများ ပိုအဆင်ပြေပါတယ် ကလောမှပဲတည်းပါ။ တောင်ကြီးကို ညနေ ၄နာရီထွက်ပါ ကားပုံမှန်မောင်းရင် ၁နာရီ ဆိုရင်တောင်ကြီးရောက်ပါပြီး
🚗ကားပါကင်ကို မြို့သူမြို့သားတွေရပ်တဲ့နေရာရပ်ပါ။ပါကင်ကြေးမပေးရပါဘူး။ပြီးရင်ပွဲထဲလမ်းလျှောက်ဝင်ပါ။ ကျနော်ကိုယ်တိုင်လည်းအဲ့လိုပဲလုပ်ပါတယ်။တန်ဆောင်တိုင်ဆိုရင် တောင်ကြီး ဟိုတယ်စျေး တတ်ပါတယ် တတ်မဲ့အတူ ကလောမှာတည်း နေ့ကို အထင်ကရနေရာတွေလည်ပတ် ညနေဆို တောင်ကြီးတတ် ပြန်ချင်တဲ့အချိန်မှပြန်ဆင်း
လမ်းမကြပ်ဘူး စစ်ဆေးရေးဂိတ်လည်း မပိတ်ထားဘူးဗျာ
🚗ကိုယ်ပိုင်ကားမပါတဲ့သူတွေက ကားငှားတွေကြိုချိတ်ထားပါ
အပေါ်က ပြောပြသလိုပဲ သွားပါ။
တောင်ကြီးတန်ဆောင်တိုင်ပြီးရင် ကလောတန်ဆောင်တိုင်ပွဲကိုဆက်လည်လို့ရပါတယ် ကလော ပွဲကအရမ်းပျော်ဖို့ကောင်းပါတယ်ဗျာ ကလောပွဲ အချိန်ဇယားမထွက်သေးလို့ပါ ထွက်ရင် တင်ပေးပါမယ်ဗျာ
ကိုယ်တိုင်ကြုံတွေ့ရတာမလို ပြောပြတာပါ
zinkokalaw(စာ)
ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်း(ဓာတ်ပုံ)

image