လောကမှာ အမြဲပျော်နေရသူတွေ မရှိသလို
အချိန်တိုင်း ဝမ်းနည်းနေရသူရယ်လို့လည်း မရှိပါဘူး ။
ဝမ်းနည်းမှုတွေ ကြုံရပြီး
မလိုချင်တာတွေကို လက်ခံရရင်တောင်
ဘာကြောင့်ဆိုပြီး အပြစ်တင်စရာကို ရှာမဲ့အစား
အသုံးချစရာကို တွေ့အောင်ရှာပါ ။
အခက်အခဲတွေဆိုတာ
လှပတဲ့ ရလဒ်တစ်ခု ရဖို့အတွက်
ပထမဆုံး ကြုံရတဲ့အရာဆိုတာကိုသာ နားလည်မယ်ဆိုရင် ကြုံလာသမျှ လောကဓံကို
တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်မှာပါပဲ ။
#နိုဘယ်လ်သွေး