ဝဋ်ကြွေးဆိုတာ
တစ်နေ့မဟုတ် တစ်နေ့တော့ ပြန်ခံစားရတတ်တယ် ။
ဝဋ်ကြွေးဆိုတာ
ရှောင်ပြေးနေလို့ မလွတ်နိုင်ဘူး ။
ငွေပေးပြီး ကျေအေးတဲ့အထဲမှာလည်း မပါဘူး ။
တောင်းပန်လို့ ခွင့်လွှတ်ပေးတဲ့အထဲမှာလည်း မပါဘူး ။
ရာထူးရှိလို့ မျက်နှာလိုက်ပေးမှာလည်း မဟုတ်ဘူး ။
အသက်ကြီးလို့ ညှာတာပေးမှာလည်း မဟုတ်ဘူး ။
လုပ်ရပ်မှန်သမျှကို အဂတိကင်းကင်းနဲ့
ထိုက်တန်တဲ့ အပြစ်ဒဏ်ချမှတ်လိမ့်မယ် ။
အယူခံဝင်ဖို့လည်း အခွင့်အရေးရရှိမှာတော့ မဟုတ်ဘူး ။
ဒါကြောင့် ဝဋ်ကြွေးတွေ ပြန်ခံစားရမှာ ကြောက်ရင်
မဟုတ်တာတွေ မလုပ်မိအောင်
သူတစ်ပါးအပေါ် မယုတ်မာမိအောင်
မလိမ်မညာမိအောင်
မကောက်ကျစ်မိအောင် နေထိုင်ပါ ။
#အရှင်ဇဝန (ရွှေကုန်းမြေ)