10 ပတ် - ဘာသာပြန်ပါ။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းက မက်ဆာချူးဆက်ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ Dating App မှတစ်ဆင့် သိကျွမ်းခဲ့တဲ့ ခရစ္စတိုဖာကစ်စတီလို (Christopher Castillo) ဆိုသူအမျိုးသားနဲ့ ပထမဆုံး အကြိမ်ချိန်းတွေ့ခဲ့ကြပါတယ်
အမျိုးသမီးဟာ ကစ်စတီလို ကို ကားနဲ့ လာကြိုခဲ့ပြီး ချိန်းတွေ့ရန် မြောက်အက်တလီဘို (North Attleboro) သို့ ဦးတည်မောင်းနှင်ခဲ့ပါတယ် ကားမောင်းနေစဉ်မှာ ကစ်စတီလို ဟာခရီးသည်ထိုင်ခုံမှနေပြီး ဝိုင်သောက်နေခဲ့ပါတယ်
အဲလိုနဲ့ နှစ်ဦးသားဟာ သွားနေကြတုန်း ကစ်စတီလို ဟာ အဲ့ဒီအမျိုးသမီးကို ဘဏ်တစ်ခုနားမှာ ကားရပ်ပေးဖို့ပြောခဲ့ပါတယ် အဲ့လိုနဲ့ သူမဟာလည်း ကားကိုရပ်လိုက်ပြီး ခဏအကြာမှာတော့ ကစ်စတီလိုဟာ ချွေးသံတရဲရဲနဲ့ ကားဆီသို့ အပြေးပြန်ရောက်လာပါတယိ အဲ့ဒီအချိန် သူဟာ ဦးထုပ်၊ နေကာမျက်မှန်၊ သေနတ်တစ်လက် နဲ့ ဒေါ်လာ ၁,၀၀၀ ကိုကိုင်ဆောင်ထားပါတယ်
ကစ်စတီလိုက "မောင်းတော့! မြန်မြန်မောင်း!" လို့ အော်ပြောခဲ့တာကြောင့် အမျိုးသမီးဟာလည်း ထိတ်လန့်တကြားဖြစ်ပြီး ကားကိုမောင်းပြေးခဲ့ရပါတယ် အဲ့လိုနဲ့ သူမဟာလည်း ဘာမှမသိရဘဲ ဘဏ်ဓားပြတိုက်မှုမှာ ကြံရာပါဖြစ်သွားခဲ့ပါတယ်
မကြာခင်မှာဘဲ ရဲတပ်ဖွဲ့က လိုက်လာတဲ့အခါ အမျိုးသမီးဟာ ကားကိုရပ်ပြီး ကားထဲမှ ထွက်ပြေးသွားခဲ့ပါတယ် ကစ်စတီလိုကတော့ ကားထဲမှာဘဲ ဆက်နေပြီး ရဲအရာရှိတွေကို ဆက်လက် ခုခံခဲ့ပါတယ်
အဲ့လိုနဲ့ နောက်ဆုံးမှာ ကစ်စတီလိုအား ဖမ်းမိခဲ့ပြီး လက်နက်ကိုင် ဓားပြတိုက်မှု နဲ့ ရဲအရာရှိတွေကို တိုက်ခိုက်မှု တို့ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ပါတယ်
ကားမောင်းပေးခဲ့တဲ့ အမျိုးသမီးကိုတော့ အာဏာပိုင်တွေက အမှုမဖွင့်ခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ သူမဟာ ဓားပြတိုက်မှု ဖြစ်မှာကို ကြိုတင် လုံးဝမသိခဲ့ကြောင်း အာဏာပိုင်တွေကို သက်သေပြနိုင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image