တရုတ်သွင်းကုန်တွေအပေါ် (၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

အောက်တိုဘာ ၁၃

အမေရိကန်နိုင်ငံဟာ တရုတ်သွင်းကုန်တွေအပေါ် နောက်ထပ်(၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကို လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့်နိုဝင်ဘာလ(၁)ရက်ကနေ စတင်ကာ အရေးကြီးတဲ့ အမေရိကန်လုပ် ဆော့ဖ်ဝဲလ်တွေ အားလုံးအပေါ် ပို့ကုန်ထိန်းချုပ်မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က “(၂၀၂၅)ခုနှစ် နိုဝင်ဘာလ(၁)ရက်ကနေ စတင်ကာ တရုတ်ရဲ့နောက်ထပ်လုပ်ဆောင်မှုတွေ ဒါမှမဟုတ် အပြောင်းအလဲတွေအပေါ်မူတည်ပြီး အမေရိကန်ဟာ တရုတ်အပေါ် (၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ် မှုကို လုပ်ဆောင်သွားမှာပါ။ အဲဒီလိုမဟုတ်ရင်တောင် တရုတ်ကလက်ရှိပေးနေတဲ့ အခွန်ထက် ပိုများတဲ့ အခွန်စည်းကြပ်မှုတွေကို လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ယခုလအတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ထိပ်သီးအစည်းအဝေးတွေလုပ်ဆောင်ဖို့ မလိုအပ်တော့ဘူးလို့ ခံစားမိတယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလိုခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒါ့ပြင် ရန်လိုတဲ့ကုန်သွယ်မှုအလေ့အကျင့်တွေအတွက် တရုတ်ကို ဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ လည်း သိရပါတယ်။ ခေတ်သစ်နည်းပညာမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရှားပါးမြေထွက်သတ္တုတွေ တင်ပို့မှုအပေါ်ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး တရုတ်ကို ဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ထရမ့်က “တရုတ်မှာ အရမ်းထူးဆန်းတဲ့အရာတွေဖြစ်ပျက်နေပါတယ်။ တရုတ်တွေဟာ အရမ်းကို ရန်လိုလာကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Credit - NP News Agency

#centralnewsnaypyitaw

image