ကမ္ဘာ့ဖလားပလေးအော့ဖ်နေရာ သေချာသွားပြီ ဖြစ်တဲ့ စကော့တလန်

အောက်တိုဘာ ၁၃

စကော့တလန်ဟာ ဟမ်ဒန်မှာ ဖီဖာကမ္ဘာ့အဆင့် ၁၀၀ မှ ဘီလာရုစ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ၂ ပွဲကျန် အနေအထားမှာ ကမ္ဘာ့ဖလားပလေးအော့ဖ်နေရာအတွက် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

စကော့တလန်ဟာ အုပ်စု(C) မှာ ၁၁ ဂိုးအထိ ပေးထားရတဲ့ ဘီလာရုစ်နှင့်ပွဲမှာ ပွဲအစ ၁၅ မိနစ်မှာ ချီအဒမ်ရဲ့ လျှင်မြန်လှတဲ့ အဆုံးသတ်ဖြင့် ဦးဆောင်ဂိုး ရခဲ့ပါတယ်။

ယင်းနောက် ပွဲချိန် ၈၄ မိနစ်မှာ စကော့မက်တိုမီနေးက အင်ဒီရောဘတ်ဆင်ရဲ့ ပေးပို့မှုကနေ ပိတ်သွင်းပြီး စကော့တလန်အတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။

ဘီလာရုစ်ဟာ အချိန်ပို ၉၆ မိနစ်မှာ ကတ်ချ်ကိုရဲ့ ဂိုးဖြင့် နှစ်သိမ့်ဂိုး ရရှိခဲ့ပါတယ်။

တဖက်မှာ ဒိန်းမတ်ကလည်း ဂရိကို အနိုင်ရရှိလာမှုနှင့်အတူ စကော့တလန်ကို ဂိုးကွာခြားချက်ဖြင့် အုပ်စု(C) ကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒိန်းမတ်နှင့် ဂရိတို့ဟာ အုပ်စု ထိပ်ဆုံးနှစ်နေရာအတွက် သေချာသွားခဲ့ပြီ ဖြစ်ကာ ပလေးအော့ဖ်နေရာအတွက် စိတ်ချရသွားပြီ ဖြစ်ပါတယ်။

စကော့တလန်ဟာ လက်ကျန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဂရိကို အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပြီး ၃ ရက်အကြာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရေး အဆုံးအဖြတ်ပွဲစဉ်အဖြစ် ဒိန်းမတ်အား ဧည့်ခံကစားရပါမယ်။

ဒိန်းမတ်မှာလည်း စကော့တလန်နှင့်ပွဲမတိုင်မီ ဘီလာရုစ်အား ဧည့်ခံကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image